ပန်း​ကန်ပြား​ပျံ ဇာတ်လမ်း​များ​ အများ​ဆုံး​​တွေ့​ရသည့်​​ဒေသ

alt

အက်ဆက်စ် ​ဒေသသည် ပန်း​ကန်ပြား​ပျံဆိုင်ရာ လျှို့​ဝှက်ဆန်း​ကျယ် ဖြစ်စဥ်များ​နှင့်​ အနီး​စပ်ဆုံး​ ​နေရာတစ်ခုဖြစ်​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

The Sunသတင်း​စာက လွန်ခဲ့​​သော နှစ်​ပေါင်း​ ရ၀ အတွင်း​ အက်ဆက်စ် အနီး​တွင် ပန်း​ကန်ပြား​ပျံများ​ ​တွေ့​မြင်ရသည့်​ အဖြစ်အပျက် အ​မြောက်အမြား​ ရှိခဲ့​​ကြောင်း​ ​ရေး​သား​သွား​သည်။ The Sun၏ ပန်း​ကန်ပြား​ပျံ သု​တေသီ နစ်ပုပ်က ဗြိတိသျှ နိုင်ငံခြား​​ရေး​ ဝန်ကြီး​ဌာန၏ မှတ်တမ်း​များ​ကို ​လေ့​လာပြီး​​နောက် အက်ဆစ်အား​ UFO Hotspot တစ်ခုအဖြစ် သတ်မှတ်ခဲ့​သည်။

၁၉၄၀ ပြည့်​နှစ်က စစ်တပ်မှ လုပ်သား​တစ်ဦး​ဖြစ်သူ အသက် ၂၁ နှစ်အရွယ် အီမလီ ခရူဝဲက ​ရွှေ​ရောင် ​ဘောလုံး​တစ်လုံး​ကို ​လေထဲတွင် စတင်​တွေ့​ရှိရာမှ အက်ဆက်စ်​ဒေသ၏ ပန်း​ကန်ပြား​ပျံ မှတ်တမ်း​ကို စတင်ပြုစုလာခြင်း​ဖြစ်သည်။ ​နောက်ထပ်လည်း​ အက်ဆက်စ်တွင် ပန်း​ကန်ပြား​ပျံ ​တွေ့​ရှိမှုများ​ ရှိခဲ့​ပြီး​ ၂၀၀၉ ခုနှစ်တွင် ၃ ကြိမ်နှင့်​ ပြီး​ခဲ့​သည့်​နှစ်က ၂ ကြိမ် ထပ်မံဖြစ်​ပေါ်ခဲ့​​ကြောင်း​ သိရသည်။

ယခုနှစ် ဧပြီလတွင်လည်း​ ဒက်စ်​ဖော့​ဒ်အနီး​တွင် ထူး​ခြား​​သော အလင်း​တန်း​ အခု ၅၀ မျှ ပျံဝဲ​နေသည်ကိုလည်း​ ​တွေ့​ရှိခဲ့​ရသည်။ ပုပ်က ယခု၎င်း​၏ ​တွေ့​ရှိမှုသည် ​လေယာဥ်မှူး​များ​၊ အခြား​​သော မျက်မြင်များ​၊ ရဲမှတ်ချက်များ​အ​ပေါ် အ​ခြေခံ ​ဖော်ပြခဲ့​ခြင်း​ဖြစ်​ကြောင်း​ ရှင်း​လင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here