အတွင်း​ခံ​ဘောင်း​ဘီအတွင်း​ ​မြွေများ​ထည့်​သွင်း​ခိုး​ယူ

alt

အ​မေရိကန်မှ လူတစ်ဦး​သည် တိရစ္ဆာန် အ​ရောင်း​ဆိုင်မှ ​မြွေများ​ကို ခိုး​ယူခဲ့​ရာ အတွင်း​ခံ ​ဘောင်း​ဘီထဲ ဝှက်ပြီး​ ယူသွား​ခဲ့​​ကြောင်း​ သိရှိရသည်။

အရီဇိုး​နား​မှ အဲရစ်ဖီဂယ်လ်သည် အိမ်​မွေး​ တွား​သွား​သတ္တဝါ အ​ရောင်း​ဆိုင် တစ်ခုမှ စပါး​ကြီး​​မြွေ ​ပေါက်စ​လေး​ အချို့​ကို ခိုး​ယူသွား​ခဲ့​သည်။ ​နောက်ပိုင်း​တွင် မီဆာရှိ အဆိုပါဆိုင်မှာ မှတ်တမ်း​ ဗီဒီယိုများ​ကို ပြန်လည် ကြည့်​ရှုကာ ရဲများ​က အဲရစ်ကို ဖမ်း​ဆီး​ခဲ့​သည်။

အသက် ၂၂ နှစ်ရှိ အမျိုး​သား​သည် ဆိုင်ထဲ ၀င်လာကာ ​လှောင်ချိုင့်​ထဲမှ ​မြွေအချို့​ကို လှမ်း​ယူပြီး​ ပိုက်ဆံမ​ပေး​ဘဲ ပြန်ထွက်သွား​သည်ကို ဗီဒီယိုက မှတ်တမ်း​တင်ထား​ခဲ့​သည်။ ရဲများ​က အဲရစ်သည် ထို​မြွေများ​ကိုယူကာ အခြား​​သော အိမ်​မွေး​တိရစ္ဆာန် အ​ရောင်း​ဆိုင် တစ်ခုသို့​ သွား​​ရောက်ပြီး​ ၁၇၅ ​ဒေါ်လာနှင့်​ ကြီး​မား​​သော ​လှောင်အိမ်တစ်ခုဖြင့်​ လဲလှယ်ခဲ့​​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

​နောက်ပိုင်း​တွင် ၎င်း​အား​ အ​ထောက်အထား​ အခိုင်အမာဖြင့်​ ရဲများ​က ဖမ်း​ဆီး​နိုင်ခဲ့​ပြီး​ အဲရစ်က ​မြွေများ​ကို ၎င်း​ဝတ်လာသည့်​ အတွင်း​ခံ ​ဘောင်း​ဘီထဲ ထည့်​ယူသွား​​ကြောင်း​ ဝန်ခံထွက်ဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here