ဂဒါဖီ၏ အပျိုစင် လျှို့​ဝှက်အမျိုး​သမီး​တပ်ဖွဲ့​ သတင်း​အချက်အလက်များ​ထွက်​ပေါ်လာ

alt

လစ်ဗျား​ အာဏာရှင် မူအမ်မာ ဂဒါဖီ၏ အပျိုစင် လျှို့​ဝှက် အမျိုး​သမီး​ အ​စောင့်​တပ်ဖွဲ့​နှင့်​ ပတ်သက်​သော အချက်အလက်များ​ ထွက်​ပေါ်လာပြီဖြစ်သည်။

စစ်အာဏာရှင် ဗိုလ်မှူး​ကြီး​သည် ၎င်း​၏ အထူး​သက်​တော်​စောင့်​ အဖွဲ့​အတွက် အပျိုစင် မိန်း​က​လေး​များ​ကို သီး​သန့်​​ရွေး​ချယ် ​လေ့​ကျင့်​​ပေး​ခဲ့​သည်။ ထိုအဖွဲ့​ကို အ​မေဇုန်တပ်ဖွဲ့​ (သို့​မဟုတ်) လုပ်ကြံ​ရေး​ အလှမယ်များ​ဟု အမည်​ပေး​ထား​ပြီး​ ဂဒါဖီကိုယ်တိုင် စိတ်ကြိုက် ​ရွေး​ချယ်ခဲ့​​ကြောင်း​ သိရသည်။

ထိုအဖွဲ့​သည် သူမတို့​၏ ​ခေါင်း​​ဆောင်ကြီး​အတွက် အနစ်နာခံ ​ပေး​ဆပ်ရန် ကျိန်ဆိုထား​ရပြီး​ တာဝန်ထမ်း​​ဆောင်​နေသည့်​ ကာလတ​လျှောက် အပျိုဂုဏ်ကို ထိန်း​ထား​ရသည်။ ဂဒါဖီသည် ၎င်း​၏ လက်​ရွေး​စင် တပ်ဖွဲ့​မှ မိန်း​က​လေး​များ​ကို အခြား​​သော ​ယောက်ျား​များ​နှင့်​ ချစ်ကြိုက်​ရော​နှောမည်ကို လုံး​၀ လက်သင့်​ခံ ခွင့်​ပြုခြင်း​ မရှိ​ကြောင်း​ သိရသည်။

ထို့​အပြင် လုပ်ကြံ​ရေး​ အလှမယ်များ​သည် အမျိုး​သမီး​ လိင်အင်္ဂါဆိုင်ရာ ခွဲစိတ်မှုကိုလည်း​ ခံယူထား​ရပြီး​ အမျိုး​သား​များ​နှင့်​ ဆက်ဆံခြင်း​အား​ တား​မြစ်ခံထား​ရသည်။ မိန်း​က​လေး​အား​လုံး​ ကိုယ်ခံပညာနှင့်​ အပစ်အခတ် အတတ်တို့​ကို ကျွမ်း​ကျင်တတ်​မြောက်​အောင် သင်ယူထား​ရ​ကြောင်း​လည်း​ သိရသည်။

ထိုအလုပ်၏ စည်း​မျဥ်း​များ​ တင်း​ကြပ်​သော်လည်း​ လစ်ဗျား​ အမျိုး​သမီး​များ​ကြား​ ​ရေပန်း​စာခဲ့​​ကြောင်း​ Blitz သတင်း​ဌာနက ​ဖော်ပြခဲ့​သည်။ ဂဒါဖီက မိန်း​က​လေး​များ​အား​ ထိုသို့​တာဝန်​ပေး​ထား​ခြင်း​ဖြင့်​ အမျိုး​သမီး​များ​၏ ရန်သူအ​ပေါ် တိုက်ခိုက်နိုင်သည့်​ စွမ်း​ရည်နှင့်​ ယုံကြည်မှုတို့​ကို တိုး​ပွား​​စေမည်ဟု ​ပြောဆိုစည်း​ရုံး​ထား​​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here