ကင်ကာဒက်ရှီယန်၏ အပြာဗီဒီယိုကို Online မှကြည့်​ရှုသူ ၂ သန်း​​ကျော်လာ

alt

ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က လက်ထပ်ပွဲ ဆင်ယင်နွှဲ​ပျော်​နေချိန်တွင် ကင်ကာဒက်ရှီယန်၏ အပြာဗီဒီယိုကို Onlineမှ ကြည့်​ရှုသူ အ​ရေအတွက်မှာ ၂ သန်း​​ကျော်ထိ ရှိ​နေပြီဖြစ်သည်။

ထိုဗီဒီယိုကို Reality TVစတား​ ကာဒက်ရီယန်၏ ချစ်သူ​ဟောင်း​ Rapအဆို​တော် Ray Jက ၂၀၀၇ ခုနှစ်တွင် လွှင့်​တင်ထား​ခြင်း​ဖြစ်သည်။ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကုန်က အသက် ၃၀ အရွယ် ကာဒက်ရှီယန်တစ်​ယောက် သူမ၏ချစ်သူ ဘက်စကက်​ဘောသမား​ ခရစ်ဟမ်ဖ​ရေး​နှင့်​ လက်ထပ်လိုက်ချိန်တွင် ထိုဗီဒီယိုကို ပျမ်း​မျှလစဥ် လူ​ပေါင်း​ သုံး​သိန်း​မျှက အား​​ပေး​ကြည့်​ရှု​နေဆဲဖြစ်သည်။

ထို့​​ကြောင့်​လည်း​ ဟမ်ဖ​ရေး​နှင့်​ ကာဒက်ရှီယန်တို့​ လက်ထပ်စဥ် ဗီဒီယို ၀င်ကြည့်​သူ အ​ရေအတွက်မှာ ၂ သန်း​မကထိ ရှိနှင့်​​နေခဲ့​ပြီး​ ဖြစ်ခဲ့​သည်။ Onlineရှာ​ဖွေ​ရေး​ ဝက်ဘ်ဆိုက် Googleက အဆိုပါ ဗီဒီယိုကို လိုက်လံရှာ​ဖွေသူများ​အနက် အိုင်ယာလန် နိုင်ငံသား​များ​က အ​ရေအတွက် အများ​ဆုံး​ဖြစ်​ကြောင်း​ ​ဖော်ပြခဲ့​သည်။

ကာဒက်ရှီယန်သည် ယင်း​ဗီဒီယိုအတွက် နစ်နာ​ကြေး​ ​ပေါင်စတာလင် ၃ သန်း​ ရရှိခဲ့​ပြီး​ဖြစ်သည်။ ကာဒက်ရှီယန်က ယင်း​ဗီဒီယိုသည် သူမအား​ အပုပ်ချ အရှက်ခွဲမှုလုပ်ရပ် သက်သက်သာဖြစ်​ကြောင်း​ ​ဝေဖန်ပြစ်တင်ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here