သြစတြီး​ယား​တွင် ဖခင်တစ်ဦး​က သမီး​များ​အား​ နှစ် ၄၀ ကြာ ပိတ်​လှောင်မုဒိမ်း​ကျင့​်ခဲ့​ဟုဆို

alt

ဩစတြီး​ယား​နိုင်ငံတွင် ဖခင်တစ်ဦး​သည် သမီး​များ​အား​ ဆယ်စုနှစ် ​လေး​ခုကြာ ပိတ်​လှောင်ထား​ပြီး​ မုဒိမ်း​ကျင့်​ခဲ့​​ကြောင်း​ စွပ်စွဲခံ​နေရသည်။

ဩစတြီး​ယား​ ရဲတပ်ဖွဲ့​သည် အသက် ၈၀ အရွယ် အမျိုး​သား​ တစ်ဦး​အား​ အဆိုပါ ပြစ်မှုအတွက် ဖမ်း​ဆီး​ထား​​ကြောင်း​ အတည်ပြုလိုက်ပြီး​​နောက် ဥ​ရောပတိုက်ရှိ နိုင်ငံအတွက် တုန်လှုပ်စရာ သတင်း​တစ်ခု ဖြစ်လာခဲ့​သည်။ ဂျိုး​ဆက် ဖရစ်ဇယ်လက်သစ်ဟု သတင်း​များ​က ​ဖော်ပြ​နေ​သော သံသယ တရား​ခံအား​အား​ ရဲများ​က သမီး​နှစ်ဦး​ကို ကာလရှည်ကြာစွာ ဖမ်း​ဆီး​ထား​ပြီး​ မုဒိမ်း​ကျင့်​ခဲ့​သည့်​အတွက် ရဲများ​က စတင်စစ်​ဆေး​လျက်ရှိသည်။

၁၉၇၀ ပြည့်​နှစ်ကတည်း​က ဂျာမန်နယ်နိမိတ်ရှိ ဘရာအာနူ မြို့​တွင် ​နေထိုင်ခဲ့​​သော အဆိုပါ ပုဂ္ဂိုလ်က သမီး​နှစ်ဦး​အား​ ​နေအိမ်တွင် လျှို့​ဝှက်စွာ ချုပ်​နှောင်ထား​ခဲ့​​ကြောင်း​ သိရှိရသည်။ ယခုအခါ ညီအစ်မ နှစ်ဦး​တို့​သည် အသက် ၄၅ နှစ်နှင့်​ အသက် ၅၃ နှစ်စီ အသီး​သီး​ ရှိ​နေကြပြီဖြစ်သည်။

ရဲများ​က အမျိုး​သမီး​ နှစ်ဦး​ကို ​မေလကတည်း​က ကယ်တင်ပြီး​ လူမှု​ရေး​ ​စောင့်​​ရှောက်မှု ဌာနများ​ထံ အပ်နှံ​ပေး​ခဲ့​​သော်လည်း​ ထိုဇာတ်လမ်း​ တစ်ခုလုံး​သည် ယခုအချိန်မှ လူသိရှင်ကြား​ ထွက်​ပေါ်လာခြင်း​ဖြစ်သည်။

ယခုအဖမ်း​ခံရသူကို သတင်း​များ​က အမည်​ဖော်မပြခဲ့​​သော်လည်း​ သမီး​ဖြစ်သူအား​ ၂၄ နှစ်လုံး​လုံး​ ချုပ်​နှောင်ကာ မုဒိမ်း​ကျင့်​ခဲ့​သူ ဂျိုး​ဆက်နှင့်​ ခိုင်း​နှိုင်း​ ​ရေး​သား​ခဲ့​ကြသည်။ ရဲတပ်ဖွဲ့​က ထိုသူအား​ မုဒိမ်း​မှု၊ လိင်အကြမ်း​ဖက်မှုများ​အပြင် ဖိစီး​ချုပ်​နှောင်မှုအတွက်ပါ တရား​စွဲဆိုရန် စီစဥ်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here