တိုင်း​​ပြည်တည်ငြိမ်​​အေး​​ချမ်း​​​ရေး​​အတွက် ​​မျှော်လင့်​​​စရာ ပထမ​​​ခြေလှမ်း​​

သရုပ်​​​ဖေါ်ပုံ © ​​​ဇောင်း​​​

တိုင်း​​ပြည် တည်ငြိမ်​​အေး​​ချမ်း​​​ရေး​​အတွက် လက်နက်ကိုင် တား​​ဆီး​​ရုံ၊​​ ဥပ​​ဒေ ပြဌာန်း​​ရုံ၊​​ တရား​​စီရင်ကာ အပြစ်​​ပေး​​ရုံဖြင့်​​

မည်သို့​​မျှ မလုံ​​လောက်ပါ။​ စစ်တပ််အင်အား​​ နည်း​​ခြင်း​​များ​​ခြင်း​​သည်

ပြည်ပကျူး​​​ကျော်မှုနှင့်​​သာ အဓိကသက်ဆိုင်သည်။​ ရဲနှင့်​​ ​​ထောက်လှမ်း​​​ရေး​​တို့​​အတွက်ကား​​ ဥပ​​ဒေနှင့်​​လမ်း​​ညွှန်ချက်တို့​​ကို မည်မျှထိ တိကျစွာ လိုက်နာ ထိန်း​​သိမ်း​​​ပေး​​နိုင်သည့်​​ အချက်​​ပေါ်တွင်သာ မူတည်သည်။​ တရား​​မျှတ​​သော ဥပ​​ဒေနှင့်​​ တိကျ မှန်ကန်​​သော တရား​​​ရေး​​စနစ်တို့​​ ရှိ​​နေသည့်​​တိုင်​​အောင် ကိုယ်ကျင့်​​တရား​​များ​​ ​​ဖောက်ပြန်​​နေသ​​ရွေ့​​ တိုင်း​​ပြည် တည်ငြိမ်​​အေး​​ချမ်း​​မည် မဟုတ်ပါ။​ တဖန် ကိုယ်ကျင့်​​တရား​​များ​​ ​​ကောင်း​​မွန်​​နေပါ​​သော်လည်း​​ မျှတမှုများ​​ ရှိမ​​နေပြန်လျှင်လည်း​​ တိုင်း​​ပြည် တည်ငြိမ်​​အေး​​ချမ်း​​မည် မဟုတ်ပါ။​

ပြည်သူလူထုတရပ်လုံး​​၏​ ပကတိလိုအပ်ချက်ဆန္ဒများ​​ကို ဖြည့်​​ဆည်း​​​ပေး​​သည့်​​အ​​နေဖြင့်​​ တိုင်း​​ပြည်တည်ငြိမ် ​​အေး​​ချမ်း​​​ရေး​​နှင့်​​ ဖွံ့​​ဖြိုး​​တိုး​​တက်​​ရေး​​အတွက် နိုင်ငံ​​တော်အစိုး​​ရနှင့်​​ နှစ်ဘက် လက်တွဲ​​ဆောင်ရွက်သွား​​မည်။​

​​ဒေါ်​​အောင်ဆန်း​​စုကြည်နှင့်​​ ဦး​​​အောင်ကြည် ဒုတိယအကြိမ် ​​တွေ့​​ဆုံ​​ဆွေး​​​နွေး​​ပွဲ ၁၂-၈-၂ဝ၁၁ မှ)

နိုင်ငံတွင်း​​မှာသာမက နိုင်ငံပြင်ပနှင့်​​ ပတ်သက်၍​လည်း​​ တိုင်း​​ပြည်တည်ငြိမ်​​အေး​​ချမ်း​​​ရေး​​ကို ထိခိုက်လာနိုင် သည်များ​​ ရှိ​​နေတတ်သည်။​ မိမိနိုင်ငံ၏​ နိုင်ငံခြား​​​ရေး​​မူဝါဒ၊​​ စီး​​ပွား​​​ရေး​​မူဝါဒတို့​​အ​​ပေါ် မူတည်သကဲ့​​သို့​​ နိုင်ငံတကာ သ​​ဘောတူညီချက်များ​​ကို မည်မျှထိ လိုက်နာကျင့်​​သုံး​​နိုင်သနည်း​​၊​​ မိမိနိုင်ငံမှ ​​ခေါင်း​​​ဆောင်နှင့်​​နိုင်ငံ​​ရေး​​စနစ်အ​​ပေါ် အခြား​​နိုင်ငံများ​​နှင့်​​ အဖွဲ့​​အစည်း​​များ​​မှ မည်မျှအထိ လက်ခံနိုင်သနည်း​​၊​​ မျိုး​​ချစ်စိတ်အပြင် လူမျိုး​​​ရေး​​နှင့်​​ ဘာသာ​​ရေး​​ ပြင်း​​ထန်မှုက မည်မျှထိ ဆိုး​​ကျိုး​​သက်​​ရောက်သွား​​​စေနိုင်သနည်း​​ စသည်တို့​​အ​​ပေါ်တွင်လည်း​​ မူတည်တတ်သည်။​

ဘက်နှစ်ဘက်က တိုင်း​​ပြည် တည်ငြိမ်​​အေး​​ချမ်း​​​ရေး​​ကို အမှန်တကယ် ​​ဆောင်ရွက်နိုင်ရန်မှာ နှစ်ဘက်စလုံး​​ကပင် အာမခံနိုင်ရပါမည်။​ ကိုယ်စီပိုင်ဆိုင်ထား​​ကြ​​သော ရင်း​​မြစ်စွမ်း​​ပကား​​များ​​ဖြင့်​​ အပြန်အလှန်ကူညီ ပူး​​​ပေါင်း​​ကာ တိုင်း​​ပြည် တည်ငြိမ်​​အေး​​ချမ်း​​​ရေး​​ကို ထူ​​ထောင်ရပါမည်။​ ဆိုလိုရင်း​​မှာ မိမိဘက်တွင်ရှိ​​နေ​​သော ရင်း​​မြစ် စွမ်း​​ပကား​​တမျိုး​​မျိုး​​ကို အခြား​​တဘက်က မပိုင်ဆိုင်ဘဲ ရှိ​​နေပြီး​​ အခြား​​တဘက်၏​ ရင်း​​မြစ် စွမ်း​​ပကား​​တမျိုး​​မျိုး​​ကို မိမိဘက်က မပိုင်ဆိုင်​​သော အ​​ခြေအ​​နေတွင် အပြန်အလှန် အ​​ပေး​​အယူလုပ်၍​ တခုတည်း​​ဖြစ်​​အောင် ​​ပေါင်း​​စပ်ခြင်း​​ ဖြစ်သည်။​ သမိုင်း​​တွင်မည့်​​လုပ်ရပ်ဟု ဆိုချင်ပါသည်။​

လတ်တ​​လော အ​​ခြေအ​​နေအရဆိုရလျှင် ပြည်သူလူထုတရပ်လုံး​​၏​ လုံခြံု​​ရေး​​သည် အဓိကအကျဆုံး​​ ဖြစ်သည်။​ မတရား​​ဖိနှိပ်ချုပ်ချယ်မှု အ​​ကြောက်တရား​​နှင့်​​ စစ်​​ဘေး​​ဒဏ်များ​​မှ ပူပင်​​ကြောင့်​​ကျကင်း​​ရှင်း​​စွာ ​​နေထိုင်သွား​​လာနိုင် ​​ရေး​​အတွက် နှစ်ဘက်စလုံး​​က မိမိတို့​​ တတ်နိုင်သည့်​​အ​​နေအထား​​မှ အ​​ကောင်း​​ဆုံး​​လုပ်​​ဆောင်​​ပေး​​ရပါလိမ့်​​မည်။​ လုံခြံုမှု မရှိလျှင် စား​​ဝတ်​​နေ​​ရေး​​ကို ရပ်တည်ကြိုး​​ပမ်း​​မှုကို မည်သူမျှ မလုပ်နိုင်ပါ။​ လုံခြံု​​ရေး​​သည် ပြည်သူလူထု၏​ ပကတိလိုအပ်ချက်ဖြစ်​​သော ဆန္ဒတခုဖြစ်ပြီး​​ အ​​ရေး​​ကြီး​​တကာ့​​ အ​​ရေး​​ကြီး​​ဆုံး​​တခုဟု ထင်ပါသည်။​ လူထုဆန္ဒကို ​​လေး​​စား​​ခြင်း​​နှင့်​​ အ​​ကောင်အထည်​​ဖော်​​ပေး​​ခြင်း​​သည် နိုင်ငံ့​​​ခေါင်း​​​ဆောင်တို့​​၏​ ဂုဏ်သိက္ခာရှိ​​သော တာဝန်ဝတ္တရား​​ ဖြစ်ပြီး​​ လက်ဆင့်​​ကမ်း​​ အ​​မွေအနှစ်​​ကောင်း​​လည်း​​ဖြစ်ရာ လူထုလုံခြံု​​ရေး​​သည် အဦး​​ဆုံး​​ ထွက်​​ပေါ်လာမည့်​​ ရလဒ်​​ကောင်း​​ဟု ​​မျှော်လင့်​​မိသည်။​

ပြည်သူလူထု လုံခြံု​​ရေး​​အတွက် မလုပ်မဖြစ်​​သောကိစ္စများ​​တွင်

  • 1. မျှတမှန်ကန်​​သော တရား​​ဥပ​​ဒေ စိုး​​မိုး​​မှု၊​​
  • 2. လူ့​​အခွင့်​​အ​​ရေး​​များ​​ကို ​​လေး​​စား​​ကာကွယ်​​ပေး​​နိုင်ခြင်း​​၊​​
  • 3. တမျိုး​​သား​​လုံး​​ ရင်ကြား​​​စေ့​​ကာ ပြန်လည်သင့်​​မြတ်​​ရေး​​၊​​
  • 4. ပြည်တွင်း​​ငြိမ်း​​ချမ်း​​​ရေး​​၊​​
  • 5. နိုင်ငံ​​ရေး​​ လွတ်လပ်ခွင့်​​ တို့​​ပါဝင်ပါသည်။​

တရား​​ဥပ​​ဒေစိုး​​မိုး​​မှုနှင့်​​ လူ့​​အခွင့်​​အ​​ရေး​​များ​​ကို ​​လေး​​စား​​ကာကွယ်​​ပေး​​နိုင်မှုတို့​​အတွက် မရှိမဖြစ် အလိုအပ်ဆုံး​​မှာ ဒီမိုက​​ရေစီကို အ​​ခြေပြုထား​​​သော နိုင်ငံ​​ရေး​​စနစ် ဖြစ်သည်။​ ဤ​သို့​​​သော နိုင်ငံ​​ရေး​​စနစ်မျိုး​​ဖြင့်​​ပင် တမျိုး​​သား​​လုံး​​ ရင်ကြား​​​စေ့​​ ပြန်လည်သင့်​​မြတ်​​ရေး​​နှင့်​​ ပြည်တွင်း​​ငြိမ်း​​ချမ်း​​​ရေး​​ကို ​​အောင်မြင်​​အောင် လုပ်​​ဆောင်နိုင်သကဲ့​​သို့​​ နိုင်ငံ​​ရေး​​ လွတ်လပ်ခွင့်​​ကိုလည်း​​ ယုံကြည်မှုအပြည့်​​အဝဖြင့်​​ ​​ပေး​​အပ်နိုင်​​ပေလိမ့်​​မည်။​

၂ဝ၁၁ ဩဂုတ်လ ၁၂ ရက်​​နေ့​​က ​​ဒေါ်​​အောင်ဆန်း​​စုကြည်နှင့်​​ အစိုး​​ရကိုယ်စား​​လှယ် ဝန်ကြီး​​ ဦး​​​အောင်ကြည်တို့​​ ​​တွေ့​​ဆုံ​​ဆွေး​​​နွေး​​ကာ သ​​ဘောတူညီချက်များ​​ကို ထုတ်ပြန်ခဲ့​​သည်။​ သို့​​ဖြစ်ရာ ယခုအခါတွင် ဒီမိုက​​ရေစီကို အ​​ခြေပြုထား​​​သော နိုင်ငံ​​ရေး​​စနစ်၌် မြန်မာ့​​​ရေ​​မြေသဘာဝနှင့်​​လိုက်ဖက်စွာ မည်သည်တို့​​ကို အ​​ခြေခံ၍​ မည်သို့​​ လုပ်​​ဆောင်သင့်​​သည်ကို ဘက်နှစ်ဘက်က အ​​မြော်အမြင်ကြီး​​ကြီး​​ လိုက်​​လျောညီ​​ထွေစွာဖြင့်​​ ပွင့်​​ပွင့်​​လင်း​​လင်း​​ ဆက်လက်​​ဆွေး​​​နွေး​​နိုင်ကြဖို့​​ ဖြစ်လာ​​တော့​​မည်ဟု ယူဆမိသည်။​

ပြည်သူလူထုလုံခြံု​​ရေး​​အတွက် အထက်​​ဖော်ပြပါ ၅ ချက်အတွက် သက်ဆိုင်ရာလုပ်ငန်း​​စဉ်များ​​မှာ အ​​တော်ပင် များ​​ပြား​​ပြီး​​ အဆင့်​​ဆင့်​​လုပ်​​ဆောင်ရမည်လည်း​​ ဖြစ်​​သော​​ကြောင့်​​ နှစ်ဘက်စလုံး​​က မိမိတို့​​ရနိုင်သမျှ အရင်း​​အမြစ် စွမ်း​​အား​​တို့​​ကို ထိ​​ရောက်စွာဖြင့်​​ အချိန်ယူ အသုံး​​ချရမည်မှာ ​​သေချာသည်။​ အား​​လုံး​​ကို တပြိုင်တည်း​​လုပ်၍​ မဖြစ်နိုင်​​သော​​ကြောင့်​​ လတ်တ​​လော လုပ်​​ဆောင်နိုင်မည့်​​ အစီအစဉ်များ​​နှင့်​​ ​​ရေရှည် လုပ်​​ဆောင်မည့်​​ စီမံကိန်း​​များ​​ ဟူ၍​ အမျိုး​​အစား​​များ​​ ခွဲခြား​​လုပ်​​ဆောင်လာမည်ဟု ဆိုနိုင်​​ပေသည်။​

လတ်တ​​လော လုပ်​​ဆောင်နိုင်မည့်​​ အစီအစဉ်များ​​တွင် ဘက်၂ဘက်၏​ ကနဦး​​သ​​ဘောတူချက်များ​​ဖြင့်​​ အချိန် မဆိုင်း​​ ယခုချက်ချင်း​​ ဖြစ်နိုင်သမျှ ​​ဆောင်ရွက်ရန် လိုအပ်​​နေသည်များ​​ ရှိသည်။​ နှစ်ဘက်စလုံး​​က အာမခံကာ လုပ်​​ဆောင်​​ပေး​​မည့်​​ သ​​ဘောတူညီချက်အ​​ပေါ် မူတည်သည်။​ ​​ရေရှည်စီမံကိန်း​​အတွက်မူ ​​ဖော်ပြပါ ၅ ချက်စလုံး​​၏​ အဓိကဇစ်မြစ်တို့​​မှာ ​​ရွေး​​​ကောက်ပွဲများ​​နှင့်​​ ဖွဲ့​​စည်း​​ပုံအ​​ခြေခံဥပ​​ဒေ ဖြစ်သည်ဟု ယူဆမိသည်။​ အဓိကဇစ်မြစ်တို့​​ကို ​​ရှောင်ရှား​​​ကွေ့​​ဝိုက်၍​ မရနိုင်ပါ။​ တရား​​ဥပ​​ဒေစိုး​​မိုး​​မှု၊​​ လူ့​​အခွင့်​​အ​​ရေး​​များ​​၊​​ ပြည်တွင်း​​ငြိမ်း​​ချမ်း​​​ရေး​​ စသဖြင့်​​ တခုချင်း​​ကို ဦး​​တည်လုပ်​​ဆောင်သည်ထက် မူရင်း​​ဇစ်မြစ်တို့​​ကို အရင်ဦး​​ဆုံး​​ ရှင်း​​ရှင်း​​လင်း​​လင်း​​ လုပ်ထား​​နိုင်လျှင် ​​ဖော်ပြပါ ၅ ချက်စလုံး​​အပြင် ​​နောက်ထပ် လိုအပ်ရန်ရှိသည်များ​​ကိုပါ တနွယ်ငင်တစင်ပါ တခါတည်း​​ ​​ဖြေရှင်း​​ ​​ပြေလည်သွား​​နိုင်​​ပေလိမ့်​​မည်။​

နှစ်ဘက်စလုံး​​က ပဋိပက္ခအသွင်​​ဆောင်​​သော သ​​ဘောထား​​အမြင်များ​​ကို ​​ရှောင်ရှား​​ကြပြီး​​ အပြန်အလှန် ကူညီ​​သော ပူး​​​ပေါင်း​​​ဆောင်ရွက်မှုဖြင့်​​ လုပ်​​ဆောင်ခြင်း​​မပြုမီ ထိုသို့​​လုပ်​​ဆောင်ရန် အမှန်တကယ် စိတ်ဆန္ဒ ရှိ​​ကြောင်း​​ ပြသသည့်​​ ကနဦး​​သက်​​သေပြချက်များ​​ ရှိ​​နေပါက တဘက်နှင့်​​တဘက် ပိုမိုယုံကြည််စွာဖြင့်​​ မြန်မြန် ဆန်ဆန် ထိထိ​​ရောက်​​ရောက် လုပ်​​ဆောင်နိုင်ပါလိမ့်​​မည်။​ ထို့​​ပြင် နိုင်ငံ့​​အာဏာ မြစ်ဖျား​​ခံရာဖြစ်​​သော ပြည်သူလူထု၏​ ယုံကြည်ကိုး​​စား​​မှုနှင့်​​ အား​​​ပေး​​​ထောက်ခံမှုကိုလည်း​​ ရရှိလာနိုင်သဖြင့်​​ ပို၍​ပင် မြန်ဆန်စွာ ​​အောင်မြင််နိုင်မည် ဖြစ်သည်။​

ကနဦး​​သက်​​သေပြချက်များ​​တွင် ချွင်း​​ချက်မရှိ​​သော အ​​ထွေ​​ထွေလွတ်ငြိမ်း​​ချမ်း​​သာခွင့်​​သည် ပြည်သူလူထု တရပ်လုံး​​၏​ ပကတိလိုအပ်ချက်များ​​ကို ဖြည့်​​ဆည်း​​လို​​သော ဆန္ဒများ​​ကိ်ု အသင့်​​​တော်ဆုံး​​ ဖြည့်​​ဆည်း​​​ပေး​​မှု များ​​ထဲမှ သမိုင်း​​တွင်မည့်​​လုပ်ရပ်တခု ဖြစ်လာပါလိမ့်​​မည်။​ လွတ်ငြိမ်း​​ချမ်း​​သာခွင့်​​ ရရှိသူတို့​​က နိုင်ငံတည်ငြိမ် ​​အေး​​ချမ်း​​​ရေး​​နှင့်​​ ဖွံ့​​ဖြိုး​​တိုး​​တက်​​ရေး​​တို့​​တွင် ပါဝင်​​ပေါင်း​​စပ်​​ပေး​​နိုင်မည်ဖြစ်ရာ မြန်မာနိုင်ငံအတွက် တနည်း​​နည်း​​ဖြင့်​​ အကျိုး​​ရှိမည်သာ ဖြစ်သည်။​

လွင်​​အောင်စိုး​​

LEAVE A REPLY

Please enter your comment!
Please enter your name here