အစ္စ​​ရေး​​သူလျှိုအဖြစ် စွပ်စွဲထား​​သူတစ်ဦအား​​ အီရန်တွင် ခုံရုံး​​တင်စစ်​​ဆေး​​ရန်စီစဉ်

alt

အီရန်နိုင်ငံသည် အစ္စ​​ရေး​​သူလျှိုအဖြစ် စွပ်စွဲထား​​​သော အီရန် အမျိုး​​သား​​ တစ်ဦး​​ကို ခုံရုံး​​တင် စစ်​​ဆေး​​ရန် စီစဉ်​​နေ​​ကြောင်း​​ သိရသည်။

အစိုး​​ရ မီဒီယာများ​​က မာဂျစ် ဂျာမာလီ ဖာရှီသည် ၂၀၁၀ ပြည့်​​နှစ်၊​ ဇန်နဝါရီလ ၁၂ ရက်​​နေ့​​က ရူပ​​ဗေဒ ပညာရှင် မာဆွတ်အလီ မိုဟာ​​မေဒီကို သတ်ဖြတ်ခဲ့​​မိသည်ဟု ဝန်ခံထား​​​ကြောင်း​​ ​​ဖော်ပြခဲ့​​သည်။ ပ​​ရော်ဖက်ဆာ မိုဟာ​​မေဒီသည် အီရန်၏ နျူကလီး​​ယား​​ သု​​တေသန လုပ်ငန်း​​များ​​တွင် အထူး​​အ​​ရေး​​ပါသည့်​​ ပညာရှင် တစ်ဦး​​ဟု ယူဆရဖွယ် ရှိ​​နေသည်။ အီရန်တို့​​က ယခုအခါ ဖာရှီအား​​ လူသတ်မှုဖြင့်​​ စွဲချက်တင် အပြစ်​​ပေး​​နိုင်ရန် လုပ်​​ဆောင်​​နေခြင်း​​ဖြစ်သည်။

ပ​​ရော်ဖက်ဆာ မိုဟာ​​မေဒီသည် ​​မော်​​တော်ဆိုင်ကယ် ဗုံး​​ခွဲမှု တစ်ခုအတွင်း​​ ​​သေဆုံး​​သွား​​ခဲ့​​သည်။ အီရန်သည် ယခုလုပ်ရပ်၏ ​​နောက်ကွင်တွင် အ​​မေရိကန်နှင့်​​ အစ္စ​​ရေး​​တို့​​ ဆက်နွယ် ပါဝင်​​နေ​​ကြောင်း​​ စွပ်စွဲထား​​သည်။ ထိုနှစ်နိုင်ငံသည် အီရန်က နျူကလီး​​ယား​​ စွမ်း​​အင်ကို လက်နက်များ​​ ထုတ်လုပ်​​ရေး​​အတွက် အသုံး​​ပြုသွား​​ရန် ကြံစည်​​နေ​​ကြောင်း​​ ယုံကြည်လျက် ရှိကြသည်။

အီရန်သတင်း​​ဌာနများ​​က ဩဂုတ်လ ၂၃ ရက်​​နေ့​​တွင် ဖာရှီအ​​ပေါ် လူသတ်မှုဖြင့်​​ တရား​​စွဲရန် စီစဉ်ထား​​​သော အ​​သေး​​စိတ် အချက်အလက်များ​​ကို ​​ဖော်ပြခဲ့​​ကြသည်။ ဖာရှီသည် အစ္စ​​ရေး​​ ​​ထောက်လှမ်း​​​ရေး​​ဌာန ​​မော့​​ဆက်အတွက် အလုပ်လုပ်​​ပေး​​ပြီး​​ လူ ၅ ဦး​​ကို လုပ်ကြံ​​ပေး​​ဖူး​​​ကြောင်း​​ ဝန်ခံခဲ့​​​သော်လည်း​​ မိမိသည် ​​မော့​​ဆက်အဖွဲ့​​သား​​တစ်ဦး​​ မဟုတ်​​ကြောင်း​​ ငြင်း​​ဆန်ထား​​သည်။

အီရန်တွင် နျူကလီး​​ယား​​ စမ်း​​သပ်မှုနှင့်​​ ဆက်နွယ်​​နေသည်ဟု ယူဆရ​​သော ပညာရှင် အချို့​​မှာ လုပ်ကြံမှုများ​​အတွင်း​​ ​​သေဆုံး​​ခဲ့​​ရသည်။ တီဟီရန် တက္ကသိုလ်မှပင်ဖြစ်သည့်​​ ပ​​ရော်ဖက်ဆာ ဒါ​​ရော့​​ရှ် ရာဇီနီနှင့်​​ ရှာဟစ် ဘာဟီရှာတူ တက္ကသိုလ်၊​ နျူကလီး​​ယား​​ အင်ဂျင်နီယာ ဌာနမှ ပ​​ရော်ဖက်ဆာ မာဂျစ် ရှာဟီရီတို့​​မှာ လုပ်ကြံခံရမှုများ​​​ကြောင်း​​ အသက်ဆုံး​​ရှံုး​​ခဲ့​​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here