နှစ်​​ပေါင်း​​ ရ သန်း​​သက်တမ်း​​ရှိ ငှက်​​ကျောက်ဖြစ်ရုပ်ကြွင်း​​ ရှာ​​ဖွေ​​တွေ့​​ရှိ

alt

နှစ်​​ပေါင်း​​ ရ သန်း​​ရှိ​​နေပြီဖြစ်သည့်​​ ငှက်တစ်​​ကောင်၏ ​​ကျောက်ဖြစ်ရုပ်ကြွင်း​​ကို တရုတ်နိုင်ငံတွင် ရှာ​​ဖွေ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ သိရှိရသည်။

၎င်း​မှာ ငှက်များ​​ စတင်​​ပေါ်ထွန်း​​လာသည်ဟု ခန့်​​မှန်း​​တွက်ချက်ခဲ့​​သည့်​​ ကာလများ​​အတွက် အ​​စောဆုံး​​အဖြစ် ​​တွေ့​​ရှိ​​သော ရုပ်ကြွင်း​​လည်း​​ ဖြစ်လာသည်။ အဆိုပါ ​​ကျောက်ဖြစ်ရုပ်ကြွင်း​​ကို ဟီဇန်း​​​ဒေသတွင် တူး​​​ဖော်ရရှိခဲ့​​ခြင်း​​ ဖြစ်သည်။

ဟန်ဇန်း​​ ​​ရှေး​​​ဟောင်း​​ တိရစ္ဆာန် ရုပ်ကြွင်း​​များ​​ ပြတိုက်မှ ချန်ရှန်ကွင်က ယခုရုပ်ကြွင်း​​သည် ငှက်တစ်​​ကောင်၏ အင်္ဂါ အစိတ်အပိုင်း​​များ​​ ပြည့်​​ဝစုံလင်စွာ ပါရှိ​​နေ​​ကြောင်း​​ ​​ပြောကြား​​သွား​​ခဲ့​​သည်။

​​တောင်ပံများ​​၊​ ​​ခြေ​​ချောင်း​​များ​​လည်း​​ စုံလင်စွာ ရှိ​​နေ​​ကြောင်း​​ ၎င်း​ကဆိုသည်။ သိပ္ပံပညာရှင်များ​​သည် တရုတ်နိုင်ငံအတွင်း​​ ယခင်က ​​ရှေး​​​ဟောင်း​​ငှက် ရုပ်ကြွင်း​​​ပေါင်း​​ သုံး​​သိန်း​​​ကျော်ကို စု​​ဆောင်း​​ရရှိခဲ့​​​သော်လည်း​​ ယခု​​တွေ့​​ရှိ​​သောငှက်သည် သက်တမ်း​​အရင့်​​ဆုံး​​ ရုပ်ကြွင်း​​ ဖြစ်လာသည်။

ယခင်ကလည်း​​ အဆိုပါ ​​ဒေသတွင် ​​ခြေ​​ချောင်း​​ကြီး​​ ၃ ​​ချောင်း​​ရှိ​​သော မြင်း​​၊​ အ​​မွေး​​ ထူကြံ့​​စသည့်​​ ​​ရှေး​​​ခေတ်က ကျက်စား​​ခဲ့​​သည့်​​ မျိုး​​သုဉ်း​​​ပျောက်ကွယ်သွား​​ပြီဖြစ်​​သော ထူး​​ခြား​​သည့်​​ သတ္တဝါများ​​၏ ရုပ်ကြွင်း​​များ​​ကို ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here