ဆီး​​ရီး​​ယား​​လုံခြံု​​ရေး​​တပ်ဖွဲ့​​များ​​က ဆန္ဒပြသူများ​​အ​​ပေါ် နှိမ်နင်း​​ခဲ့​​မှု ကုလသမဂ္ဂစုံစမ်း​​မည်

alt

ကုလသမဂ္ဂ လူ့​​အခွင့်​​အ​​ရေး​​ ​​ကောင်စီက ဆီး​​ရီး​​ယား​​နိုင်ငံတွင် လုံခြံု​​ရေး​​ တပ်ဖွဲ့​​များ​​က ဆန္ဒပြ ပြည်သူများ​​အ​​ပေါ် ဥပ​​ဒေမဲ့​​ အကြမ်း​​ဖက်မှုများ​​ ကျူး​​လွန်ခဲ့​​သည်ဆို​​သော စွပ်စွဲမှုများ​​အတွက် စုံစမ်း​​စစ်​​ဆေး​​မှု ပြုလုပ်ရန် အမိန့်​​ထုတ်ပြန်လိုက်​​ကြောင်း​​ သိရှိရသည်။

အ​​ရေး​​​ပေါ် အ​​ခြေအ​​နေဖြင့်​​ နိုင်ငံတကာ စုံစမ်း​​မှု ​​ကော်မရှင်တစ်ခု ဖွဲ့​​စည်း​​ကာ ဆီး​​ရီး​​ယား​​ အ​​ရေး​​ကို အ​​ဖြေရှာရန် ​​တောင်း​​ဆိုမှုကို ကုလသမဂ္ဂက အတည်ပြု လက်ခံ​​ပေး​​လိုက်ပြီဖြစ်သည်။

မတ်လလယ်ကတည်း​​က စတင်​​သော အစိုး​​ရ ဆန့်​​ကျင်​​ရေး​​ ဆန္ဒပြမှုများ​​အတွင်း​​ လူ​​ပေါင်း​​ ၂၂၀၀ ​​ကျော် ​​သေ​​ကြေခဲ့​​ပြီး​​ဖြစ်​​ကြောင်း​​ ကုလသမဂ္ဂမှ ​​လေ့​​လာသူများ​​က ယုံကြည်​​နေသည်။

နယူး​​​ယောက်တွင် ပြုလုပ်သည့်​​ အဆိုတင်သွင်း​​မှုအတွင်း​​ ဆီး​​ရီး​​ယား​​ သမ္မတနှင့်​​ အစိုး​​ရ အဖွဲ့​​ဝင် ၂၂ ဦး​​တို့​​ကို ပိတ်ပင်တား​​ဆီး​​မှုများ​​ စတင်ရန်လည်း​​ သ​​ဘောတူညီမှု ရရှိခဲ့​​သည်။ အ​​စောပိုင်း​​က ကုလသမဂ္ဂ အမြဲတမ်း​​ လုံခြံု​​ရေး​​အဖွဲ့​​ဝင် နိုင်ငံတစ်ခုဖြစ်ပြီး​​ ဆီး​​ရီး​​ယား​​ အစိုး​​ရနှင့်​​ ရင်း​​နှီး​​​သော ရုရှား​​က ဆီး​​ရီး​​ယား​​ အ​​ရေး​​အတွက် ကုလသမဂ္ဂ၏ ကြား​​ဝင်မှု လိုအပ်ခြင်း​​ မရှိ​​ကြောင်း​​ ​​ဝေဖန် ​​ပြောကြား​​ခဲ့​​​သေး​​သည်။

ဆီး​​ရီး​​ယား​​ အစိုး​​ရသည် ဆန့်​​ကျင်​​ရေး​​ အင်အား​​စုများ​​ကို စစ်လက်နက်များ​​ အသုံး​​ပြုကာ တိုက်ခိုက်ဖိနှိပ်ခြင်း​​​ကြောင့်​​ ဥ​​ရောပ ယူနီနှင့်​​နှင့်​​ အ​​မေရိကန် ပြည်​​ထောင်စုတို့​​၏ ပိတ်ဆို့​​မှုများ​​ကိုလည်း​​ ခံထား​​ရပြီး​​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here