သား​​ဖြစ်သူအား​​ သူခိုး​​ဟု လူသိရှင်ကြား​​ ​​ကြေညာ​​စေခဲ့​​သည့်​​ ဩစ​​တြေး​​လျမိခင်

alt

ဩစ​​တြေး​​လျ နိုင်ငံတွင် မိခင်တစ်ဦး​​သည် သူမ၏ ၁၀ နှစ်အရွယ် က​​လေး​​ကို သူခိုး​​အဖြစ် လူသိရှင်ကြား​​ ​​ကြေညာ​​စေကာ ဒဏ်​​ပေး​​ခဲ့​​​ကြောင်း​​ သိရသည်။

“ကျွန်​​တော့်​​ကို မယုံပါနဲ့​​။ ကျွန်​​တော် ခင်ဗျား​​ဆီက ပစ္စည်း​​​တွေ ခိုး​​မှာပါ။ ကျွန်​​တော်ဟာ သူခိုး​​ပါ”ဟူ​​သော စာတန်း​​ကို လည်ပင်း​​တွင် ချိတ်ဆွဲ​​စေကာ အများ​​​ရှေ့​​တွင် လိုက်လံပြသ​​စေရန် မိမိ၏သား​​ကို မိခင်ဖြစ်သူက ​​စေခိုင်း​​ခဲ့​​သည်။ အမျိုး​​သမီး​​က သူမ၏ သား​​သည် ရ နှစ်အရွယ်ကတည်း​​က သူခိုး​​​လေး​​ ဖြစ်လာပြီး​​ ဆိုင်များ​​မှ အလစ်သုတ်မှု အပါအဝင် ခိုး​​မှုများ​​ ကျူး​​လွန်ခဲ့​​​ကြောင်း​​ ဖွင့်​​ဟ ​​ပြောဆိုခဲ့​​သည်။

သူမအ​​နေနှင့်​​ က​​လေး​​၏ အကျင့်​​ဆိုး​​ကို နည်း​​လမ်း​​စုံဖြင့်​​ တား​​ဆီး​​ခဲ့​​​သော်လည်း​​ မ​​အောင်မြင်ခဲ့​​ဟုဆိုသည်။ မိခင်ကိုယ်တိုင်က ပြစ်မှုမှတ်တမ်း​​​ဟောင်း​​ရှိခဲ့​​ပြီး​​​နောက် ကွင်း​​စလန်တွင် ​​နေထိုင်​​သော အမျိုး​​သမီး​​က သူမ၏ လမ်း​​စဉ်မျိုး​​ သား​​ဖြစ်သူကို မလိုက်​​စေလို​​ကြောင်း​​ ​​ပြောကြား​​သွား​​သည်။

သူမ၏ ဒဏ်​​ပေး​​မှုကို ကွင်း​​စလန် တက္ကသိုလ်မှ ပ​​ရော်ဖက်ဆာ မတ်ဆန်း​​ဒါး​​က အရှက်ခွဲပြီး​​ လူမဆန်မှုအဖြစ် ပြင်း​​ပြင်း​​ထန်ထန် ​​ဝေဖန်ခဲ့​​သည်။ ယခုလုပ်ရပ်​​ကြောင့်​​ နုနယ်​​သေး​​သည့်​​ က​​လေး​​အတွက် စိတ်ပိုင်း​​ဆိုင်ရာ ထိခိုက်မှုများ​​ ရှိသွား​​​စေနိုင်​​ကြောင်း​​ ဆန်း​​ဒါး​​က ​​ထောက်ပြခဲ့​​သည်။ အများ​​စုက အမျိုး​​သမီး​​၏ လုပ်ရပ်ကို ချီး​​ကျူး​​ခဲ့​​​သော်လည်း​​ ​​ဒေါက်တာဆန်း​​ဒါး​​က ယင်း​​သည် ဖိအား​​သုံး​​မှု တစ်ခုဟု ​​ပြောကြား​​ခဲ့​​​ကြောင်း​​လည်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here