အ​​မေရိကန်တွင် အမျိုး​​သမီး​​များ​​ အင်္ကျီမဝတ်ဘဲ လမ်း​​​ပေါ်သွား​​လာခွင့်​​​တောင်း​​ဆို

alt

ဩဂုတ်လ ၂၁ ရက်​​နေ့​​က အ​​မေရိကန်တွင် လူအများ​​ စု​​ပေါင်း​​ကာ အ​​ပေါ်ပိုင်း​​ ဗလာကျင်း​​ လမ်း​​​လျှောက်ခဲ့​​​ကြောင်း​​ သိရှိရသည်။

အမျိုး​​သမီး​​များ​​အ​​နေနှင့်​​ အမျိုး​​သား​​များ​​နှင့်​​တန်း​​တူ အင်္ကျီမဝတ်ဘဲ လမ်း​​များ​​​ပေါ် သွား​​လာခွင့်​​ကို ကာကွယ်​​တောင်း​​ဆိုသည့်​​ National Topless Day အထိမ်း​​အမှတ်အဖြစ် ယခုလို လူအများ​​ စုရုံး​​ ပါဝင်ခဲ့​​ခြင်း​​ဖြစ်သည်။ ယခု ကျင်း​​ပမှုကို ဗြိတိန်ဝက်ဘ်ဆိုက် GoTopless.comက စည်း​​ရုံး​​လှံု့​​​ဆော်ပြီး​​ ၄ နှစ်ဆက် ကျင်း​​ပခြင်း​​ဖြစ်သည်။

အမျိုး​​သမီး​​များ​​သည် အဝတ်အစား​​ မပါဘဲ လမ်း​​များ​​​ပေါ် ထွက်လာကာ နို့​​သီး​​ထိပ်များ​​တွင် အနည်း​​ငယ် ကာရံမှုများ​​ ပြုလုပ်ထား​​ခဲ့​​သလို အချို့​​ကလည်း​​ ဗလာကျင်း​​ပင် လမ်း​​​ပေါ် ထွက်လာကြသည်။ အ​​မေရိကန် အမျိုး​​သမီး​​များ​​က လမ်း​​မ​​ ပေါ်တွင် ရင်သား​​ဗလာဖြင့်​​ ထွက်ခွင့်​​မပြုသည့်​​ ဥပ​​ဒေကို ဆန့်​​ကျင်သည့်​​ အ​​နေနှင့်​​ ယခုလို ​​ဆောင်ရွက်ကြခြင်း​​ဖြစ်သည်။

အချို့​​ကလည်း​​ ရင်သား​​ထိပ်ဖျား​​တွင် အနီ​​ရောင် တိပ်များ​​ကပ်ကာ လမ်း​​​လျှောက်ပြီး​​ National Topless Dayတွင် ပါဝင်ဆင်နွှဲခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here