လစ်ဗျား​​အာဏာရှင် ဂဒါဖီအား​​ ဗြိတိန်အထူး​​တပ်ဖွဲ့​​က လိုက်လံရှာ​​ဖွေ

alt

ထရီပိုလီ မြို့​​​တော်ကို ​​တော်လှန်​​ရေး​​ အင်အား​​စုများ​​က သိမ်း​​ပိုက်ပြီး​​​နောက် လစ်ဗျား​​အာဏာရှင် ​​ခေါင်း​​​ဆောင်ကြီး​​ မူအမ်မာ ဂဒါဖီကို ဗြိတိန် အထူး​​တပ်ဖွဲ့​​ SASများ​​က လိုက်လံ ရှာ​​ဖွေ​​နေ​​ကြောင်း​​ သိရှိရသည်။

လစ်ဗျား​​ ​​တော်လှန်​​ရေး​​ သူပုန်များ​​ကို SASများ​​က အကူအညီ​​ပေး​​ကာ ​​ခွေး​​ရူး​​ဟု နာမည်တပ်ခံရ​​သော စစ်အာဏာရှင်ကို ရှာ​​ဖွေ​​နေခြင်း​​ဖြစ်သည်။ ယခုအခါ လစ်ဗျား​​၏ ၆ လကြာ ​​တော်လှန်​​ရေး​​ အုံကြွမှုမှာ အပြီး​​သတ်ပိုင်း​​သို့​​ ​​ရောက်ရှိလာပြီး​​ ဂဒါဖီ၏ ၄၂ နှစ် သက်တမ်း​​ရှိ အာဏာကွန်ရက်မှာ လုံး​​ဝ ပျက်စီး​​သွား​​ပြီဖြစ်သည်။ ​​တော်လှန်​​ရေး​​ တပ်ဖွဲ့​​များ​​က ဦး​​​ဆောင် ဖွဲ့​​စည်း​​ထား​​ သည့်​​ NTCအ​​နေနှင့်​​ ဂဒါဖီ​​ခေတ်လွန် လစ်ဗျား​​နိုင်ငံတွင် ငြိမ်ဝပ်ပိပြား​​မှု ရရှိ​​ရေး​​ ဆက်လက် ​​ဆောင်ရွက်ရန်လည်း​​ ပြင်ဆင်​​နေရသည်။

SASတပ်များ​​သည် ဂဒါဖီ၏ တပ်များ​​ကို NATOမဟာမိတ်တို့​​က ​​လေ​​ကြောင်း​​မှ တိုက်ခိုက်စဉ်ကတည်း​​က ​​မြေပြင်မှတဆင့်​​ ပစ်မှတ်ရှာ​​ပေး​​ရန် တာဝန်ယူ ​​ဆောင်ရွက်​​ပေး​​ခဲ့​​သည်။ ​​လေထီး​​ဆင်း​​ အထူး​​ တပ်ဖွဲ့​​ SAS၏ လစ်ဗျား​​စစ်ပွဲတွင် ပါဝင်တာဝန်ယူခဲ့​​ခြင်း​​ကို ဗြိတိသျှ ဝန်ကြီး​​ချုပ် ​​ဒေး​​ဗစ် ကင်မရွန် ကိုယ်တိုင်က ချီး​​ ကျူး​​ခဲ့​​သည်။

အ​​မေရိကန် သမ္မတ ဘာရတ်အိုဘား​​မား​​က “ဂဒါဖီရဲ့​​ ​​ခေတ်က ကုန်သွား​​ပြီဆိုတာ သိသာထင်ရှား​​​နေပါတယ်။ သူ့​​အ​​နေနဲ့​​ တရား​​ဝင် အာဏာစွန့်​​လွှတ်ပြီး​​ ​​နောက်ထပ် ​​သွေး​​ထွက်သံယိုမှု​​တွေကို တား​​ဆီး​​နိုင်မှာပါ”ဟု ​​ပြောကြား​​သွား​​ သည်။ ယခုအခါ ဂဒါဖီမှာ လစ်ဗျား​​တွင်ပင် ဆက်လက် ပုန်း​​ခို​​နေဆဲဟု ယူဆရပြီး​​ ၎င်း​၏ သား​​ ၃ ဦး​​ကိုမူ ​​တော်လှန်​​ရေး​​ တပ်များ​​က ဖမ်း​​ဆီး​​ထား​​ပြီး​​ဖြစ်​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here