ကင်ကာဒက်ရှီယန်မင်္ဂလာပွဲ​​ကြောင့်​​ ဆန်တာဘာဘရာရဲတပ်ဖွဲ့​​ အလုပ်များ​​ခဲ့​​ရ

alt

ကင်ကာဒက်ရှီယန်၏ မင်္ဂလာပွဲ​​ကြောင့်​​ ဆန်တာ ဘာဘရာ ရဲတပ်ဖွဲ့​​ အ​​တော်​​လေး​​ အလုပ်များ​​ခဲ့​​​ကြောင်း​​ သိရှိရသည်။

Reality TVစတား​​ ကင်သည် ပြီး​​ခဲ့​​သည့်​​ သီတင်း​​ပတ်ကုန်က ချစ်သူ ခရစ်ဟမ်း​​ဖရစ်နှင့်​​ လက်ထပ်ပွဲ ကျင်း​​ပခဲ့​​သည်။ စ​​နေ​​ နေ့​​က မင်္ဂလာ အခမ်း​​အနား​​ကို ၁၁ ဧက ကျယ်ဝန်း​​​သော သီး​​သန့်​​​နေရာတစ်ခုတွင် ကျင်း​​ပခဲ့​​​သော်လည်း​​ အနီး​​ဝန်း​​ကျင် ​​ နေထိုင်သူများ​​အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့​​ရသည်။

ဆူညံ​​သော ဂီတသံများ​​နှင့်​​ မိုး​​​ပေါ်တွင် ဝဲပျံ​​နေ​​သော ရဟတ်ယာဉ်များ​​​ကြောင့်​​ စိတ်အ​​နှောင့်​​အယှက် ဖြစ်​​နေသူများ​​သည် ရဲတပ်ဖွဲ့​​ထံသို့​​ ဖုန်း​​​ခေါ်ကာ တိုင်ကြား​​မှု ၂၂ ကြိမ်ထိ ပြုလုပ်ခဲ့​​​ကြောင်း​​ သိရသည်။ ရဲတပ်ဖွဲ့​​က မင်္ဂလာပွဲနှင့်​​ ပတ်သက်ပြီး​​ တိုင်ကြား​​မှုများ​​ ရှိခဲ့​​​သော်လည်း​​ မည်သည့်​​ ကြီး​​မား​​​ သော အ​​ရေး​​ယူမှုမှ မပြုလုပ်ခဲ့​​ဟု အတည်ပြု ​​ပြောကြား​​ခဲ့​​သည်။ DJ ကာဆစ်ဒီက ယခုပွဲတွင် စတီဗီဝမ်း​​ဒါး​​နှင့်​​အတူ ​​ဖျော်​​ ဖြေ​​ပေး​​ခဲ့​​သည်။

E! Entertainmentက အဆိုပါ မင်္ဂလာပွဲကို မှတ်တမ်း​​ယူ ရိုက်ကူး​​ခဲ့​​ပြီး​​ နှစ်ပိုင်း​​ခွဲကာ ​​အောက်တိုဘာ ၉ ရက်နှင့်​​ ၁၀ ရက်​​နေ့​​များ​​တွင် ထုတ်လွှင့်​​ပြသသွား​​မည်ဟုလည်း​​ သိရှိရသည်။ E! Entertainmentသည် ယခုပွဲ၏ ဗီဒီယို ရိုက်ကူး​​ထုတ်လွှင့်​​ခွင့်​​ကို ချုပ်ကိုင်ထား​​ပြီး​​ ပရိသတ်များ​​ကို ကင်မရာနှင့်​​ မိုဘိုင်း​​လ်ဖုန်း​​များ​​ ယူ​​ဆောင်လာခြင်း​​ မပြုပါရန် ပန်ကြား​​တား​​မြစ်ခဲ့​​​ကြောင်း​​လည်း​​ သတင်း​​ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here