လစ်ဗျား​​နိုင်ငံမြို့​​​တော် ထရီပိုလီအား​​ လက်နက်ကိုင်ဆန့်​​ကျင်သူများ​​ ထိန်း​​ချုပ်

alt

လစ်ဗျား​​ အာဏာရှင် မူအမ်မာ ဂဒါဖီ၏ ဆုံး​​ခန်း​​တိုင်ရန် ​​နေ့​​ရက်များ​​ တစ်စထက်တစ်စ နီး​​ကပ်လာပြီဖြစ်သည်။

ယခုအခါ ဂဒါဖီအား​​ ဆန့်​​ကျင်​​သော တပ်ဖွဲ့​​များ​​သည် မြို့​​​တော် ထရီပိုလီသို့​​ ချီတက် ထိုး​​​ဖောက်လာနိုင်ခဲ့​​ပြီ ဖြစ်သည်။ ယခုအခါ ထရီပိုလီမြို့​​​တော် ဧရိယာ ၉၀ ရာခိုင်နှုန်း​​သည် လက်နက်ကိုင်ဆန့်​​ကျင်သူများ​​ လက်ထဲသို့​​ ကျ​​ရောက်သွား​​ပြီဖြစ်ပြီး​​ အသက် ၆၉ နှစ်ရှိ အာဏာရှင် ဗိုလ်မှူကြီး​​မှာ မဖြစ်မ​​နေ လက်နက်ချရဖွယ် ရှိ​​နေသည်။ ​​

တော်လှန်​​ရေး​​တပ်ဖွဲ့​​ ​​ခေါင်း​​​ဆောင်များ​​က ၎င်း​တို့​​သည် ဂဒါဖီ၏သား​​ဖြစ်သူ ဆက်ဖ်ကို ဖမ်ဆီး​​ နိုင်ခံသလို အကြီး​​ဆုံး​​သား​​ မိုဟာမက်မှာလည်း​​ မိမိဖာသာ အဖမ်း​​ခံထား​​​ကြောင်း​​ ​​ကြေညာခဲ့​​သည်။ အစိုး​​ရပိုင် ရုပ်မြင်သံကြား​​နှင့်​​ အသံလွှင့်​​ ဌာနများ​​သည်လည်း​​ ဆန့်​​ကျင်သူများ​​ လက်​​အောက်သို့​​ ကျဆင်း​​သွား​​ပြီဖြစ်သည်။

ကုလသမဂ္ဂဆိုင်ရာ လစ်ဗျား​​ သံအမတ်ကြီး​​ အီဘရာဟင် ဒက်ဘာရှင်ကလည်း​​ ဂဒါဖီအ​​နေနှင့်​​ နာရီပိုင်း​​အတွင်း​​မှာပင် အာဏာစွန့်​​ရဖွယ် ရှိ​​နေ​​ကြောင်း​​ သုံး​​သပ်ခဲ့​​သည်။ ထရီပိုလီတွင် ဖြစ်​​ပေါ်​​နေ​​သော တိုက်ပွဲများ​​သည် စ​​နေ​​နေ့​​က စတင်ခဲ့​​ပြီး​​ နှစ်ဖက်စလုံး​​မှ တပ်သား​​ ရာနှင့်​​ချီ ​​သေဆုံး​​ခဲ့​​​ကြောင်း​​သိရသည်။ တနင်္လာ​​နေ့​​ နံနက်ပိုင်း​​တွင်မူ ထရီပိုလီမြို့​​​တော်၏ ​​နေရာများ​​စွာကို ဂဒါဖီ ဆန့်​​ကျင်​​ရေး​​ အင်အား​​စုများ​​က သိမ်း​​ယူလာနိုင်ခဲ့​​ပြီး​​​နောက် အာဏာရှင် စစ်​​ခေါင်း​​​ဆောင်ကြီး​​၏ ၄၂ နှစ်ကြာ အုပ်စိုး​​မင်း​​ မူမှုမှာ အဆုံး​​သတ်ရန် အလွန်နီး​​စပ်​​နေပြီဖြစ်​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here