ကြွက်များ​​​သောင်း​​ကျန်း​​သဖြင့်​​ တရုတ်တွင် ​​ကြောင်တပ်ဖွဲ့​​ ဖွဲ့​​စည်း​​

alt

တရုတ်နိုင်ငံ၊​ ဇင်ဂျီအန်း​​ ​​ဒေသရှိ အာဏာပိုင်များ​​သည် ​​သောင်း​​ကျန်း​​​နေ​​သော ကြွက်များ​​ကို သုတ်သင်ရန်အတွက် ​​ကြောင်တပ်ဖွဲ့​​ တစ်ခုကို ဖွဲ့​​စည်း​​​နေ​​ကြောင်း​​သိရသည်။

အဆိုပါ ​​ ဒေသတွင် ကြွက်များ​​သည် ​​ကောက်ပဲသီး​​နှံများ​​နှင့်​​ စိုက်ခင်း​​ဧရိယာများ​​ကို ဖျက်ဆီး​​လျက် ရှိ​​နေကြသည်။ ထို့​​​ကြောင့်​​လည်း​​ ​​ဒေသဆိုင်ရာ အာဏာပိုင်များ​​က ဖမ်း​​ဆီး​​ရမိထား​​သည့်​​ ပိုင်ရှင်မဲ့​​​ကြောင် ၁၅၀ ခန့်​​ကို ကြွက်များ​​အား​​ သုတ်သင်​​ရေး​​အတွက် ​​လေ့​​ကျင့်​​​ပေး​​​နေခြင်း​​ ဖြစ်သည်။

ယခုအခါ စတင်စမ်း​​သပ်မှုများ​​အရ ​​သောင်း​​ကျန်း​​​နေ​​သော ကြွက်အ​​ရေအတွက် ​​လျော့​​နည်း​​လာ​​နေပြီဖြစ်​​ကြောင်း​​ သတင်း​​များ​​က ​​ဖော်ပြခဲ့​​သည်။ ​​ဒေသဆိုင်ရာ တာဝန်ရှိသူများ​​က ရိုး​​ရှင်း​​​သော ယခုနည်း​​လမ်း​​ကို အခြား​​​ဒေသများ​​တွင်ပါ သုံး​​စွဲနိုင်ရန် ​​မျှော်လင့်​​​နေ​​ကြောင်း​​ သိရှိရသည်။ အာဏာပိုင်များ​​က ပိုင်ရှင်မဲ့​​ ​​ကြောင်များ​​ကို စနစ်တကျ ဖမ်း​​ဆီး​​ထိန်း​​သိမ်း​​မှုကို ပိုမို​​ဆောင်ရွက်ရန် လုပ်​​ဆောင်ရန်လည်း​​ စဉ်း​​စား​​​နေသည်။

၎င်း​တို့​​သည် အဆိုပါ ​​ကြောင်များ​​အတွက် အိမ်ငယ်များ​​ကို ​​ ရေနှင့်​​နီး​​​သော ​​နေရာများ​​တွင် ​​ဆောက်လုပ်ကာ ကြွက်များ​​ကို သတ်ဖြတ်​​စေရန် သင်ကြား​​​ပေး​​ခဲ့​​သည်။ တရုတ်မီဒီယာများ​​က ကြွက်များ​​သည် ​​ဆောင်း​​တွင်း​​တွင် အပူချိန် ကျဆင်း​​ လာသည့်​​အခါ လူ​​နေအိမ်များ​​ထဲတွင် ခို​​အောင်း​​​နေ​​လေ့​​ရှိ​​ကြောင်း​​လည်း​​ ​​ဖော်ပြခဲ့​​သည်။ ကြွက်များ​​​ကြောင့်​​ တရုတ်နိုင်ငံရှိ အချို့​​​ဒေသများ​​တွင် လယ်သမား​​များ​​အတွက် လုပ်ငန်း​​ ထိခိုက်မှုများ​​ ကြီး​​ကြီး​​မား​​မား​​ ဖြစ်​​ပေါ်​​စေခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here