ဆီး​ရီး​ယား​သမ္မတအား​ ရာထူး​မှနှုတ်ထွက်ရန် ပြင်သစ်၊ ဂျာမနီနှင့်​ ဗြိတိန်​တောင်း​ဆို

alt

ပြင်သစ်၊ ဂျာမနီနှင့်​ ဗြိတိန် အစိုး​ရများ​က ဆီး​ရီး​ယား​ သမ္မတ ဘာရှာ အယ်လ် အာဆက်အား​ ရာထူး​မှ နှုတ်ထွက်ရန် ဝိုင်း​ဝန်း​​တောင်း​ဆိုခဲ့​​ကြောင်း​ သိရှိရသည်။

ဆီး​ရီး​ယား​ ပြည်သူများ​က သမ္မတအား​ အုံကြွ ဆန္ဒပြ​နေပြီး​ ယင်း​ကို အာဆက်က တား​ဆီး​ရန် ကြိုး​စား​​နေချိန်တွင် ဥ​ရောပထိပ်သီး​ အင်အား​စုများ​က ယခုလို စု​ပေါင်း​ ​တောင်း​ဆိုလာခြင်း​ဖြစ်သည်။ ဗြိတိသျှ ဝန်ကြီး​ချုပ် ​ဒေး​ဗစ်ကင်မရွန်၊ ဂျာမန်အကြီး​အကဲ အန်ဂျလာ မာကယ်လ်နှင့်​ ပြင်သစ် သမ္မတ နစ်ကိုလက်စ် ဆာကိုဇီတို့​ ပူး​တွဲထုတ်ပြန်သည့်​ ​ကြေညာချက်တွင် မိမိတို့​နိုင်ငံသည် အာဆက်အ​ပေါ် ဥ​ရောပ ယူနီယံ၏ ပိတ်ဆို့​မှုများ​ကို ​ထောက်ခံ​ကြောင်း​နှင့်​ အာဆက်သည် ပြည်သူများ​အ​ပေါ် အကြမ်း​က် နှိမ်နင်း​​နေခြင်း​အား​ ချက်ချင်း​ရပ်တန့်​ကာ ရာထူး​မှ နှုတ်ထွက်​ပေး​ရန် ​တောင်း​ဆို​ကြောင်း​ ​ဖော်ပြထား​သည်။

ထို့​အပြင် အာဆက်အ​နေနှင့်​ ဆီး​ရီး​ယား​ကို ဆက်လက် ​ခေါင်း​​ဆောင်နိုင်စွမ်း​ မရှိ​တော့​ဟု ယုံကြည်​ကြောင်း​ အဆိုပါ သုံး​နိုင်ငံမှ အစိုး​ရများ​က ​ကြေညာခဲ့​သည်။ အာဆက်ကို ရာထူး​မှ နှုတ်ထွက်​ပေး​ရန် အဆိုပါ သုံး​နိုင်ငံက ဩဂုတ်လ ၁၈ ရက်​နေ့​တွင် အတည်ပြု ​တောင်း​ဆိုခဲ့​ပြီး​ ထို​နေ့​တွင် ဥ​ရောပ ယူနီယံ နိုင်ငံခြား​​ရေး​ရာ အကြီး​အကဲ ကက်သရင်း​ အက်ရှ်တန်နှင့်​ အ​မေရိကန် သမ္မတ ဘာရတ်အိုဘား​မား​တို့​ကလည်း​ အလား​တူ ​တောင်း​ဆိုတိုက်တွန်း​မှု ပြုလုပ်ခဲ့​​သေး​​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here