တရုတ်တွင် ​ခွေး​သုံး​​ကောင်​ကြောင့်​ ယုန်အများ​အပြား​ ​သေဆုံး​

alt

တရုတ်နိုင်ငံတွင် ​ခွေး​သုံး​​ကောင်​ကြောင့်​ ယုန်များ​ အစုလိုက်အပြံုလိုက် ​သေဆုံး​မှု ဖြစ်ခဲ့​​ကြောင်း​ သိရှိရသည်။

ဇီဂျီအန်း​ရှိ ဟိုင်ဇင်း​ရွာမှ ​မွေး​မြူ​ရေး​ ခြံပိုင်ရှင် ယန်ဖူဂန်သည် ၎င်း​​မွေး​ထား​သည့်​ ယုန်​ကောင်​ရေ ၆၀၀ မျှ ​သေဆုံး​​နေသည်ကို ဩဂုတ်လ ရ ရက်​နေ့​က ​တွေ့​ရှိခဲ့​သည်။ ယုန်များ​သည် ခြံထဲဝင်လာသည့်​ ​ခွေး​သုံး​​ကောင်ကို အလွန်တုန်လှုပ် ​ကြောက်ရွံ့​ပြီး​ ယခုလို ​သေဆုံး​သွား​ခြင်း​ဖြစ်သည်။

၎င်း​သည် ယုန်များ​ကို အစာ​ကျွေး​ရန် မနက် ၄ နာရီတွင် အိပ်ရာ ထလာပြီး​​နောက် ခြံထဲဆင်း​လာရာ ​မြေပြင်တစ်ခုလုံး​ ဖြူ​ဖွေး​​နေသည်ကို သတိပြုမိခဲ့​​ကြောင်း​ ယန်ကဆိုသည်။ အဘယ်​ကြောင့်​ဆို​သော် အဖြူ​ရောင် ယုန်များ​ လဲကျ​သေဆုံး​​နေခြင်း​​ကြောင့်​ဟု သိရသည်။ အသည်း​ငယ်လှ​သော ယုန်များ​သည် ​ခွေး​များ​ကို အလွန်​ကြောက်ရွံ့​၍ ​သေဆုံး​ခဲ့​သလို အချို့​လည်း​ အကိုက်ခံရပြီး​ ​သေဆုံး​ခဲ့​ခြင်း​ဖြစ်သည်။

ယုန်​ကောင်​ရေ ၄၀၀ ခန့်​တွင် ကိုက်ရာများ​ ​တွေ့​ရပြီး​ ကျန်အ​ကောင်များ​တွင်မူ ဒဏ်ရာမရှိဟု ယန်ကဆိုသည်။ ၎င်း​သည် ယုန်​ပေါင်း​ ၁၅၀၀ ​ကျော် ​မွေး​မြူထား​ရာ ​ကောင်​ရေ စုစု​ပေါင်း​၏ ၃ ပုံ၊ ၁ ပုံခန့်​ကို ဆုံး​ရှုံး​သွား​ခြင်း​ဖြစ်သည်။

တိရစ္ဆာန်ဆိုင်ရာ ကျွမ်း​ကျင်သူ တစ်ဦး​ဖြစ်​သော ချန်ဒွန်ဇင်း​က ယုန်များ​ ရာနှင့်​ချီ ​သေဆုံး​ခြင်း​သည် စိတ်ပိုင်း​ ဆိုင်ရာ ဖိအား​နှင့်​ တုန်လှုပ်မှုများ​​ကြောင့်​ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ယုန်နှင့်​ အသည်း​ငယ်တတ်​သော အခြား​တိရစ္ဆာန် အချို့​တို့​သည် ဆူညံ​ သော အသံများ​နှင့်​ အခြား​​သော အ​ခြေအ​နေများ​တွင် အလွန်တုန်လှုပ်ကာ ရုတ်တရက် အ​ကြောက်လွန် ​သေဆုံး​တတ်​ကြောင်း​ ၎င်း​က ရှင်း​ ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here