ဂျပန်တွင် အင်အား​ပြင်း​ငလျင်လှုပ်ခတ်

alt

ဂျပန်နိုင်ငံတွင် ပြင်း​အား​တိုင်း​ထွာမှု အဆင့်​ ၆.၈ ရှိ​သော အင်အား​ပြင်း​ထန်သည့်​ ငလျင်တစ်ခု လှုပ်ရှား​ခဲ့​​ကြောင်း​ သိရှိရသည်။

ဂျပန်၏ အ​ရှေ့​​ မြောက်ပိုင်း​ ဟွန်ရှူး​ကျွန်း​ကို ဦး​တည်ကာ ဩဂုတ်လက ၁၉ ရက်​နေ့​ နံနက်ပိုင်း​က အဆိုပါငလျင် လှုပ်ခတ်ခဲ့​ခြင်း​ဖြစ်သည်။ ငလျင်လှုပ်ရှား​ပြီး​​ နောက် ၅၀ စင်တီမီတာမျှ အမြင့်​ရှိ​သော ဆူနာမီ ​ရေလှိုင်း​ငယ်များ​ ရိုက်ခတ်နိုင်​ကြောင်း​ ကမ်း​​ခြေအနီး​ ​နေထိုင်သူများ​ထံ သတိ​ပေး​ချက် ထုတ်ပြန်ခဲ့​သည်။

ငလျင်​ကြောင့်​ ဖူကူရှီး​မား​ လျှပ်စစ်ဓာတ်အား​​ပေး​ စက်ရုံ ဓာတ်​ပေါင်း​ဖို အမှတ် ၁ တွင် လွဲ​ချော်ထိခိုက်မှု မရှိ​ကြောင်း​လည်း​ ကျွမ်း​ကျင်သူများ​ကဆိုသည်။ မတ်လအတွင်း​က ငလျင်ကြီး​​ကြောင့်​ နျူကလီး​ယား​ ယိုစိမ့်​မှုများ​ ဖြစ်​ပေါ်ခဲ့​ပြီး​​နောက် ယင်း​ဓာတ်​ပေါင်း​ဖိုမှာ ပထမဆုံး​ ပြန်လည် လည်ပတ်ထား​ခဲ့​သည်။ ယခုငလျင်သည် ဖူကူရှီမား​ ကမ်း​လွန်တွင် ​မြေအနက် ၂၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ရှား​သွား​ခြင်း​ဟု သိရှိရသည်။

ငလျင်​ကြောင့်​ ရှီကန်ဆန်း​တွင် ကျည်ဆန်ရထား​ ​ပြေး​ဆွဲမှုများ​ ဆိုင်း​ငံ့​ခဲ့​ရသည်။ အဆိုပါ ငလျင်ကို ဖူကူရှီး​မား​နှင့်​ မီယိုင်ဂျီ ​ဒေသများ​မှ သိသိသာသာ ခံစား​ခဲ့​ရ​ကြောင်း​လည်း​ ​ဒေသခံများ​ကဆိုသည်။ ယင်း​​ဒေသများ​သည် ငလျင်ဒဏ်ကို မကြာခဏ ​တွေ့​ကြံုခံစား​ရ​လေ့​ရှိ​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here