​အေမီဝိုင်း​​ဟောက်စ်အ​ကြောင်း​ ဇာတ်လမ်း​တွဲ ရိုက်ကူး​ရန်စီစဉ်​နေ

alt

ကွယ်လွန်သူ ဗြိတိသျှ အဆို​တော် ​အေမီဝိုင်း​​ဟောက်စ် အ​ကြောင်း​ကို ဇာတ်လမ်း​တွဲ ရိုက်ကူး​ရန် စီစဉ်​နေ​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်လာခဲ့​ သည်။

ရုပ်မြင်သံကြား​ ဌာနတစ်ခုက ​အေမီ၏ ဘဝကို ပုံ​ဖော်ထား​သည့်​ ဇာတ်လမ်း​တွဲတစ်ခု ရိုက်ကူး​ရန် ​မျှော်လင့်​​နေပြီး​ သူမ၏ မိသား​စုနှင့်​ ဆက်သွယ်ခဲ့​​ကြောင်း​ သိရသည်။ ​အေမီ၏ မိသား​စုက “အသက်(၃၀)​အောက် မင်း​သမီး​ တစ်​ယောက်က ​အေမီရဲ့​ ဇာတ်ရုပ်ကို အံဝင်​အောင် ရိုက်ပြနိုင်ပါ့​မလား​ဆိုတာ စဉ်း​စား​သင့်​ပါတယ်။

​နောက်တစ်ချက်က ဇာတ်လမ်း​တွဲအတွက် ​ငွေ​ကြေး​​နောက်ခံ အ​ထောက်အပံ့​ အ​ခြေအ​နေကိုလည်း​ ​လေ့​လာသင့်​တယ် ထင်ပါတယ်။ စိတ်ဝင်စား​တဲ့​သူ​တွေ ရှိ​နေတာ အမှန်ပါ။ ဒါဟာ ဝင်​ငွေ​ကောင်း​မယ့်​ ဇာတ်လမ်း​တွဲတစ်ခု ဖြစ်လာမှာ ​သေချာ​နေလို့​ပါပဲ”ဟု ထုတ်​ဖော် ​ပြောဆိုသွား​ခဲ့​သည်။

ထို့​အပြင် ​အေမီနှင့်​ ဆက်စပ်​သော ဖန်တီး​မှုတိုင်း​ ​အောင်မြင်မည်ဟုလည်း​ မိသား​စုက ယုံကြည်လျက်ရှိသည်။ နာမည်​ကျော် ဂရမ်မီဆုရှင် အဆို​တော်သည် အရက်နှင့်​ မူး​ယစ်​ဆေး​ဝါး​ အလွန်အကျွံ စွဲလန်း​ရာမှ ကျန်း​မာ​ရေး​ ချူချာညံ့​ ဖျင်း​လာခဲ့​ပြီး​​နောက် ပြီး​ခဲ့​သည့်​လက အသက်(၂၇)နှစ် အရွယ်တွင် ကွယ်လွန်ခဲ့​ရှာသည်။

သူမ၏ ဘဝကို ဇာတ်လမ်း​တွဲအ​နေနှင့်​ ရိုက်ကူး​မည် ဆိုပါက မည်သည့်​ မင်း​သမီး​ကို ​ရွေး​ချယ်မည် ဆိုခြင်း​မှာ စိတ်ဝင်စား​စရာ ​မေး​ခွန်း​တစ်ခုဖြစ်သည်။ ထို့​အပြင် ​အေမီ၏ ထူး​ခြား​​သော ရုပ်သွင်အတွက် ရုပ်ပိုင်း​ဆိုင်ရာ ​ပြောင်း​လဲမှုများ​လည်း​ ပြုလုပ်ရန် လိုအပ်လာဖွယ် ရှိ​နေ​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here