ဝက်ဝံမိသား​​စု အစား​​ခံရသည့်​​ ဆိုက်​​ဘေး​​ရီး​​ယား​​မှ ဆယ်​​ကျော်သက်မိန်း​​က​​လေး​​ငယ်

alt

ဆိုက်​​ဘေး​​ရီး​​ယား​​တွင် ဆယ်​​ကျော်သက် မိန်း​​က​​လေး​​တစ်ဦး​​သည် ဝက်ဝံကြီး​​တစ်​​ကောင်နှင့်​​ ၎င်း​၏ သား​​ငယ်​​လေး​​များ​​က အရှင်လတ်လတ် စား​​​သောက်ခြင်း​​ကို ခံခဲ့​​ရ​​ကြောင်း​​ သိရှိရသည်။

အသက် ၁၉ နှစ်ရှိ အိုလဂါ ​​မော့​​စကယ်ယိုဗာသည် သူမကို ဝက်ဝံက မစား​​​သောက်မီ က​​လေး​​များ​​နှင့်​​အတူ ​​ဆော့​​ကစား​​​နေချိန်တွင် မိခင်ဖြစ်သူအား​​ ၃ ကြိမ်တိုင် ဖုန်း​​​ခေါ်ခဲ့​​​သေး​​​ကြောင်း​​ သိရှိရသည်။

သူမသည် ဆိုး​​ရွား​​လှသည့်​​ အ​​တွေ့​​အကြံုကို ၁ နာရီမျှကြာ​​အောင် ရင်ဆိုင်ခဲ့​​ရ​​ကြောင်း​​ ဖုန်း​​​ခေါ်ဆိုသည့်​​ အချိန်များ​​က ညွှန်ပြလျက်ရှိသည်။ သူမသည် မိခင်အား​​ ဖုန်း​​ဆက်ပြီး​​ “​​မေ​​မေ​​ရေ၊​ သမီး​​ကို ဝက်ဝံကြီး​​ ကိုက်စား​​​နေပြီ။ ​​မေ​​မေ၊​ သမီး​​ အရမ်း​​နာ​​နေပြီ”ဟု ​​အော်ဟစ်​​နေခဲ့​​​ကြောင်း​​ သိရသည်။

အဆိုပါ ဖြစ်စဉ်အတွင်း​​ အိုလဂါ၏ ပ​​ထွေး​​ဖြစ်သူမှာလည်း​​ ​​သေဆုံး​​ခဲ့​​ရသည်။ အိုလဂါ၏ မိခင်က သူမသည် သမီး​​ဖြစ်သူကို ဝက်ဝံက ကိုက်ဝါး​​​နေသည့်​​ အသံကိုပင် ဖုန်း​​ထဲတွင် ကြား​​​နေခဲ့​​ရ​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

လူနှစ်ဦး​​ ​​သေဆုံး​​ခဲ့​​သည့်​​ ဝက်ဝံတိုက်ခိုက်မှုသည် ဆိုက်​​ဘေး​​ရီး​​ယား​​ အ​​ရှေ့​​ပိုင်း​​ရှိ ပီထရိုပက်ဗ်​​လော့​​စ်-ကမ်ချတ်စကီ ​​ဒေသတွင် ဖြစ်ပွား​​ခဲ့​​ခြင်း​​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here