ဆီချီလိနိုင်ငံ ကမ်း​​ခြေတွင် ငါး​မန်း​​သောင်း​ကျန်း​

alt

ဆီချီလိနိုင်ငံတွင် ဗြိတိန်နိုင်ငံသား​တစ်ဦး​ ငါး​မန်း​ကိုက်ခံရသဖြင့်​ ​သေဆုံး​သွား​​ကြောင်း​ သိရှိရသည်။

အသက် ၃၀ အရွယ် အသက် ၃၀ အရွယ် အီယန်​ရေမွန်သည် အဆိုပါ ကမ်း​​ခြေတွင် နှစ်ပတ်အတွင်း​ ဒုတိယ​မြောက် ငါး​မန်း​ကိုက်ခံရပြီး​ ​သေဆုံး​သူ ဖြစ်လာသည်။ တူညီ​သော ငါး​မန်း​တစ်​ကောင်က တိုက်ခိုက်ခဲ့​သည်ဟု ယူဆရသည့်​ ပထမဖြစ်စဥ်တွင်လည်း​ ပြင်သစ် ကမ္ဘာလှည့်​ ခရီး​သည်တစ်ဦး​ ​သေဆုံး​ခဲ့​ပြီး​ဖြစ်သည်။ ​ရေမွန်သည် ကမ်း​​ခြေနှင့်​ ​ပေ ၁၀၀ မျှ အကွာ ​ရေတိမ်ပိုင်း​တွင်သာ ရှိ​နေစဥ် ငါး​မန်း​ကိုက် ခံရခြင်း​ဖြစ်သည်။

၎င်း​နှင့်​ လက်ထပ်ထား​သည်မှာ ၁၁ ရက်သာ ရှိ​သေး​သည့်​ ဇနီး​သည် ဂမ်မာ​ဟော့​တန်သည် ထိုအချိန်တွင် သဲ​သောင်ပြင်​ပေါ် ​နေပူစာလှုံ​နေသည်။ ​သွေး​များ​ ပွက်ပွက်ထပြီး​ ​အော်ဟစ်​နေသည့်​ ​ရေမွန်ကို ငါး​ဖမ်း​​လှေများ​က ဝိုင်း​ဝန်း​ဆယ်ယူခဲ့​ကြ​သော်လည်း​ ၎င်း​သည် ရရှိထား​​သော ဒဏ်ရာများ​​ကြောင့်​ ​ဆေး​ရုံကား​ မ​ရောက်လာခင် ကွယ်လွန်ခဲ့​ရှာသည်။ ​

ရေမွန်သည် လက်၊ ​ပေါင်နှင့်​ ရင်ဘတ်တို့​တွင် ဆိုး​ဆိုး​ရွား​ရွား​ ကိုက်ခဲခံထား​ရပြီး​ အသား​များ​ ငါး​မန်း​ပါး​စပ်ထဲ ပါသွား​ခဲ့​​ကြောင်း​ သိရှိရသည်။ ဇနီး​ဖြစ်သူ ဂမ်မာသည်လည်း​ ထိတ်လန့်​ဖွယ် ဖြစ်ရပ်ဆိုး​​ကြောင့်​ အလွန်အမင်း​ တုန်လှုပ်​နေခဲ့​သည်ဟု မျက်မြင်များ​ကဆိုသည်။ သူမသည် ဖြစ်စဥ်ကို မျက်မြင်​တွေ့​ရှိပြီး​​နောက် အပြင်း​အထန် ​ခြောက်ခြား​မှု ​ဝေဒနာကို ခံစား​ခဲ့​ရ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here