ကေတီပရိုက်စ် သီချင်း​အယ်လ်ဘမ် ပြန်ထုတ်ရန်စီစဉ်

alt

ဗြိတိသျှ နာမည်ကြီး​​မော်ဒယ်လ် ​ကေတီပရိုက်စ်သည် လာမည့်​နှစ်အတွင်း​ သီချင်း​အယ်လ်ဘမ်တစ်ခု ထုတ်​ဝေရန် စီစဥ်​နေ​ကြောင်း​ သိရှိရသည်။

အသက် ၃၃ နှစ်ရှိ ​ကေတီသည် လွန်ခဲ့​​သော ၅ နှစ်က ခင်ပွန်း​​ဟောင်း​ ပီတာ အင်ဒ​ရေနှင့်​အတူ သီချင်း​အယ်လ်ဘမ်တစ်ခု ထုတ်​ဝေခဲ့​ဖူး​​သော်လည်း​ ​အောင်မြင်မှု မရရှိခဲ့​​ပေ။ သို့​​သော်လည်း​ သူမ၏ ဂီတအ​ပေါ် ရူး​သွပ်ခုံမင်​သော စိတ်မှာ ​လျော့​ပါး​သွား​ခြင်း​ မရှိဘဲ ​နောက်တစ်ကြိမ် ဂီတ​လောကထဲ ​ခြေချရန် ကြိုး​ပမ်း​လာခြင်း​ဖြစ်သည်။ ​ကေတီသည် Twitterမှတဆင့်​ သူမ၏ အယ်လ်ဘမ်သစ် ထုတ်​ဝေမည့်​ သတင်း​ကို ပရိသတ်များ​ထံ အတည်ပြု အသိ​ပေး​ခဲ့​သည်။

ထို့​အပြင် သူမနှင့်​ လိုက်ဖက်မည့်​ သီချင်း​များ​ကိုလည်း​ အကြံပြုကြပါရန် ပြန်လည် ပန်ကြား​ထား​ကြာင်း​ သိရှိရသည်။ ​ကေတီသည် ယခုအခါ အသက် ၂၅ နှစ်ရှိ လီယိုပန်နာနှင့်​ တွဲ​နေပြီး​ ယခုအယ်လ်ဘမ်တွင် လီယိုအ​နေနှင့်​ ပါ၀င်ခြင်း​ ရှိမရှိကိုမူ တိတိကျကျ မသိရ​သေး​​ချေ။ ​ကေတီက ယခုတစ်ကြိမ် ဂီတ​ခြေလှမ်း​တွင်​အောင်မြင်မှုများ​ ရရှိရန် ​မျှော်လင့်​​နေ​ကြောင်း​လည်း​ သိရှိရသည်။ ​

ကေတီ၏ ယခင်အယ်လ်ဘမ် အမည်မှာ A Whole New Worldဖြစ်ပြီး​ ​နောက်နှစ်ထွက်ရှိမည့်​ အယ်လ်ဘမ်၏ အမည်ကိုမူ ​ကေတီက မ​ရွေး​ချယ်ရ​သေး​ဟုလည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here