​ကျောင်း​အုပ်ဆရာမကြီး​ကို သတ်ဖြတ်သည့်​ အ​မေရိကန်ဆယ်​ကျော်သက်လူငယ်အား​ စွဲချက်တင်

alt

အ​မေရိကန်တွင် ​ကျောင်း​အုပ် ဆရာမကြီး​အား​ သတ်မှုဖြင့်​ ဆယ်​ကျော်သက် လူငယ်​လေး​ တစ်ဦး​ကို စွဲချက်တင်ထား​လိုက်​ကြောင်း​ သိရှိရသည်။

အသက် ၁၇ နှစ်ရှိ အီဒွာဒို မာမိုလီဂျိုက အသက် ၄၈ နှစ်ရှိ မိမိနှင့်​ အသက် ၄၈ နှစ်အရွယ် ​ကျောင်း​အုပ်ဆရာမကြီး​ ဆူဇက်တီ​ယော့​တို့​ နှစ်ဦး​တည်း​ ရှိ​နေချိန်တွင် ကြိုတင် ကြံစည်ထား​သည့်​အတိုင်း​ ဓား​ဖြင့်​ ထိုး​သတ်ခဲ့​မိ​ကြောင်း​ ဝန်ခံခဲ့​သည်။ တင်နက်ဆီရှိ မမ်း​ဖစ် အငယ်တန်း​ အကယ်ဒမီ​ကျောင်း​တွင် ဗုဒ္ဓဟူး​​နေ့​က ဖြစ်ပွား​ခဲ့​သည့်​ လူသတ်မှုအတွက် ရဲများ​က လူသတ်သမား​ကို ​ခြေရာခံ ရှာ​ဖွေခဲ့​ကြသည်။

အဆိုပါ​ကျောင်း​တွင် ​ကျောင်း​သား​ ၁၀၀ ​ကျော်ရှိ​နေပြီး​ စာသင်ခန်း​ တစ်ခုအတွင်း​ ဆူဇက်တီ၏ အ​လောင်း​ကို ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ​နောက်ပိုင်း​တွင် မသင်္ကာဖွယ်ရာ သတင်း​အချက်အလက်များ​အ​ပေါ် အ​ခြေခံပြီး​ ရဲများ​က အီဒွာဒိုအား​ ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်သည်။

အီဒွာဒိုသည် ဆူဇက်တီအ​ပေါ် ယခင်ကတည်း​က ပုဂ္ဂိုလ်​ရေး​ မ​ကျေလည်မှုများ​ ရှိ​နေ​ကြောင်း​ ရဲများ​က ဆိုသည်။ ယခုအခါ အီဒွာဒိုသည် ပထမအဆင့်​ လူသတ်မှုဖြင့်​ စွဲချက်တင်ခြင်း​ ခံထား​ရသည်။ ဆူဇက်တီသည် ထို​ကျောင်း​တွင် သိပ္ပံနှင့်​ သင်္ချာဘာသာတို့​ကို သင်ကြား​​ပေး​ခဲ့​ပြီး​ ၂၀၀၈ ခုနှစ်တွင် ​ကျောင်း​အုပ်ကြီး​ ဖြစ်လာခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here