အင်္ဂလန်ဆီမီး​ပရို ​ဘောလုံး​သမား​တစ်ဦး​ ဆူပူအုံကြွမှုတွင် ပါဝင်သဖြင့်​ ကလပ်အသင်း​က ထုတ်ပယ်

alt

အင်္ဂလန်မှ ဆီမီး​ပရိုအဆင့်​ လူငယ် ​ဘောလုံး​သမား​​လေး​ တစ်ဦး​အား​ လန်ဒန်လုယက်အုံကြွမှုများ​အတွင်း​ ပါ၀င် ပတ်သက်မှု​ကြောင့်​ မိခင်ကလပ်အသင်း​က ထုတ်ပယ်လိုက်​ကြောင်း​ သိရှိရသည်။

အလား​အလာ​ကောင်း​​သော လူငယ်​လေး​ တစ်ဦး​အဖြစ် သတ်မှတ်ခြင်း​ ခံရသူ အသက် ၁၈ နှစ်အရွယ် မာရီယို ကွီဆာဆက်ကာသည် ​တောင်ပိုင်း​​ဒေသပြိုင်ပွဲဝင် စတိန်း​နက်စ်​တောင်း​ အသင်း​အတွက် ပါ၀င် ကစား​​နေသူဖြစ်သည်။ ၎င်း​သည် အဓိကရုဏ်း​များ​အတွင်း​ ပါ၀င်ခဲ့​ပြီး​ လုယက်မှုများ​၊ ခိုး​ဝှက်မှုများ​ ပြုလုပ်ခဲ့​​ကြောင်း​ ​ဖော်ထုတ်​တွေ့​ရှိခဲ့​သဖြင့်​ ယခုအခါ ​ထောင်ဒဏ် ကျခံရမည့်​ အ​ခြေအ​နေမျိုး​ ကြံု​နေရည်။ ကွီဆာဆက်ကာသည် ရဲများ​ကိုလည်း​ ​ကျောက်ခဲများ​ဖြင့်​ ပစ်​ပေါက်ခဲ့​​သေး​သည်ဟု စွပ်စွဲခြင်း​ ခံထား​ရသည်။

၎င်း​သည် ဆလိုအိန်း​စကွဲတွင် လူ​ပေါင်း​ ၆၀ မျှ ပါ၀င်ခဲ့​သည့်​ အုံကြွမှုနှင့်​ ပတ်သက် ယှက်နွယ်​နေ​ကြောင်း​ ရဲများ​က အတည်ပြုနိုင်ခဲ့​ပြီး​​နောက် ရဲတပ်ဖွဲ့​က ယခုလို ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်သည်။ ကွီဆာဆက်ကာသည် ​ဘောလုံး​ ​လေ့​ကျင့်​​ရေး​ အစီအစဥ်မှအပြန် အဆိုပါ လူအုပ်ထဲ ၀င်​ရောက် ​ရော​နှောခဲ့​ခြင်း​ဖြစ်သည်။

၎င်း​က ထိုကဲ့​သို့​ လူအများ​အပြား​ ဖျက်ဆီး​​သောင်း​ကျန်း​​နေသည်ကို ​တွေ့​မြင်ရသည့်​အခါ မိမိလည်း​ စိတ်အား​တက်ကြွလာမိ​ကြောင်း​ ဝန်ခံခဲ့​သည်။ ၎င်း​သည် Hugo Boss စတိုး​၏ ပြူတင်း​​ပေါက်များ​ကို ဖျက်ဆီး​ကာ ​ပေါင်စတာလင် ၁၁၃၃ မျှ တန်ဖိုး​ရှိ​သော အဝတ်အစား​များ​နှင့်​ ပစ္စည်း​များ​ကို ခိုး​ယူမိ​ကြောင်း​ ထွက်ဆိုခဲ့​သည်။ ​နောက်ပိုင်း​တွင် ကွီဆာဆက်ကာ၏ အသင်း​က ကစား​သမား​ကို ထုတ်ပယ်လိုက်ပြီဖြစ်​ကြောင်း​ အတည်ပြု ​ကြေညာခဲ့​သည်။

ယခုကိစ္စတွင် ကွီဆာဆက်ကာ ပါ၀င်​နေသည်ကို သိရှိရသည့်​အတွက် အသင်း​အ​နေနှင့်​ စိတ်ပျက်မိ​ကြောင်း​၊ ၎င်း​သည် မိမိတို့​၏ ကစား​သမား​ တစ်ဦး​အဖြစ် ဆက်ရှိ​နေ​တော့​မည် မဟုတ်​ကြောင်း​ စတိန်း​နက်စ်​တောင်း​ အသင်း​မှ တာဝန်ရှိသူ တစ်ဦး​က ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here