မီဒီယာတွင် ​ဖော်ပြသည့်​ လိင်ပိုင်း​ဆိုင်ရာ လှံု့​​ဆော်​သော အမျိုး​သမီး​ရုပ်ပုံများ​ တိုး​ပွား​လာ

alt

ပြီး​ခဲ့​သည့်​ နှစ်ပိုင်း​များ​အတွင်း​ မီဒီယာများ​က ​ဖော်ပြ​နေသည့်​ အမျိုး​သမီး​များ​၏ လိင်ပိုင်း​ဆိုင်ရာ လှုံ့​​ဆော်​သော ရုပ်ပုံများ​ အ​ရေအတွက်သည် သိသိသာသာ တိုး​ပွား​လာ​ကြောင်း​ သု​တေသန ရလဒ်တစ်ခုက ထုတ်​ဖော်အတည်ပြုခဲ့​သည်။ ​

လေ့​လာသူများ​က လိင်ပိုင်း​ဆိုင်ရာ လှုံ့​​ဆော်မှုကို ဖြစ်​စေသည့်​ ဓာတ်ပုံများ​ ​ပေါများ​လာ​သော်လည်း​ အမျိုး​သား​ ဓာတ်ပုံများ​မှာမူ သိသိသာသာ တိုး​ပွား​လာခြင်း​ မရှိဟုဆိုသည်။ ၁၉၆၀ ပြည့်​လွန် နှစ်များ​နှင့်​ ယှဥ်ပါက ၂၀၀၀ ပြည့်​နှစ် ​နှောင်း​ပိုင်း​ ကာလများ​တွင် လိင်စိတ်ကို နှိုး​ဆွနိုင်သည့်​ အမျိုး​သမီး​ ရုပ်ပုံ အ​ရေအတွက်မှာ ​ကြောက်ခမန်း​လိ တိုး​ပွား​လာ​ကြောင်း​၊ Rolling Stoneကဲ့​သို့​ မဂ္ဂဇင်း​မျိုး​၏ မျက်နှာဖုံး​များ​ကို အစဥ်တစိုက် ​လေ့​လာခြင်း​ဖြင့်​ ယင်း​ရလဒ်မှာ သိသာ​ကြောင်း​ ပညာရှင်များ​က ​ထောက်ပြခဲ့​သည်။

၄၃ နှစ်အတွင်း​ ထုတ်​ဝေခဲ့​သည့်​ မဂ္ဂဇင်း​ မျက်နှာဖုံး​ ၁၀၀၀ ​ကျော်ကို ​လေ့​လာဆန်း​စစ်ပြီး​​နောက် အမျိုး​သမီး​များ​၏ လိင်လှုံ့​​ဆော်​သော ပုံရိပ်များ​ကို မီဒီယာများ​က ပိုမို အသုံး​ပြုလာ​သော်လည်း​ အမျိုး​သား​များ​၏ ပုံရိပ်များ​မှာမူ သိသိသာသာ ​ပေါများ​လာခြင်း​ မရှိ​ကြောင်း​ ​ဖော်ထုတ် ​တွေ့​ရှိခဲ့​သည်။

ယခင်​လေ့​လာမှုများ​က အမျိုး​သမီး​ ပုံရိပ်များ​ အသုံး​ပြုမှု များ​လာခြင်း​သည် အမျိုး​သား​နှင့်​ အမျိုး​သမီး​ ပရိသတ် အား​လုံး​အတွက် အဆိုး​ဘက်မှ သိသာထင်ရှား​​သော သက်​ရောက်မှုမျိုး​ ကြီး​ကြီး​မား​မား​ မရှိနိုင်​ကြောင်း​ ညွှန်ပြခဲ့​သည်။ သို့​​သော် ယခုအခါ အမျိုး​သမီး​များ​၏ လိင်ပိုင်း​ဆိုင်ရာ ညှို့​​ဆောင်နိုင်​သော ပုံများ​သည် အမျိုး​သား​များ​နှင့်​ လူငယ် ​ယောက်ျား​​လေး​များ​၏ စိတ်တွင် အမျိုး​သမီး​များ​အ​ပေါ် အကြမ်း​ဖက်​စေလို​သော လှုံ့​​ဆော်မှုမျိုး​ ရှိလာ​စေနိုင်​ကြောင်း​ သု​တေသီများ​က သတိ​ပေး​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here