Motorola ကုမ္ပဏီကို Google ဝယ်ယူလိုက်

alt

Googleကုမ္ပဏီသည် Motorola မိုဘိုင်း​လ်ဖုန်း​ ကုမ္ပဏီကို ​ဒေါ်လာ ၁၂.၅ ဘီလျံဖြင့်​ ဝယ်ယူလိုက်ပြီဟု သိရှိရသည်။

ယင်း​မှာ အင်တာနက် ရှာ​ဖွေ​ရေး​ ဝန်​ဆောင်မှု လုပ်ငန်း​ကြီး​က အခြား​​သော လုပ်ငန်း​တစ်ခုအ​ပေါ် သိမ်း​ယူခြင်း​တွင် ​ငွေကုန်​ကြေး​ကျ အများ​ဆုံး​ ပမာဏလည်း​ ဖြစ်လာသည်။ Googleသည် ၂၀၀ ခုနှစ်က DoubleClickကို ဝယ်ယူခဲ့​စဥ်က ​ဒေါ်လာ ၃.၂ ဘီလျံဖြင့်​ သ​ဘောတူညီမှု ရရှိခဲ့​သည်။

Googleအ​နေနှင့်​ ယခုလို Motorolaကို ဝယ်ယူလိုက်ခြင်း​​ကြောင့်​ ၎င်း​တို့​၏ Android မိုဘိုင်း​လ်ဖုန်း​ OSအတွက် အ​ထောက်အပံ့​​ကောင်း​များ​ ဖြစ်လာ​စေရန် ​မျှော်လင့်​လျက်ရှိသည်။ Motorola၏ ရှယ်ယာတစ်ခုလျင် ​ဒေါ်လာ ၄၀ ဖြင့်​ တန်ဖိုး​ဖြတ်ပြီး​ Googleက ဝယ်ယူခဲ့​ခြင်း​ဖြစ်သည်။ Motorola မိုဘိုင်း​လ်ဖုန်း​ လုပ်ငန်း​သည် ဇန်နဝါရီလကတည်း​က မိခင် Motorola ကုမ္ပဏီထံမှ ခွဲထွက်လာခဲ့​သည်။

Google၏ CEOဖြစ်သူ လယ်ရီ​ပေ့​ဂျ်က Motorola မိုဘိုင်း​လ်ဖုန်း​ ကုမ္ပဏီကို ဝယ်ယူနိုင်ခြင်း​အတွက် ဝမ်း​​မြောက်​ကြောင်း​၊ ယင်း​သည် Google၏ Androidအတွက် အ​ထောက်အပံ့​များ​ ​ပေး​နိုင်သလို နှစ်ဖက် အဖွဲ့​အစည်း​များ​အတွက် အကျိုး​ဖြစ်ထွန်း​​စေမည်ဟု ယုံကြည်​ကြောင်း​ ​ပြောကြား​သွား​သည်။ ​

လေ့​လာသူများ​က Motorolaကို Googleက ဝယ်ယူခြင်း​သည် Apple၏ iPhoneနှင့်​ မပြီး​ဆုံး​နိုင်​သော ယှဥ်ပြိုင်မှုကို အရှိန်မြှင့်​လိုက်ခြင်း​ဟု သုံး​သပ်ခဲ့​ကြသည်။ Googleက Motorola မိုဘိုင်း​လ်ကို ဝယ်ယူလိုက်ပြီး​​နောက် ၎င်း​လုပ်ငန်း​စု ရှယ်ယာတန်ဖိုး​သည် ၆၀ ရာခိုင်နှုန်း​ထိ မြင့်​တက်သွား​​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here