အရုပ်နှင့်​လိင်ဆက်ဆံသည့်​ အ​မေရိကန် မူလတန်း​​ကျောင်း​ဆရာ အလုပ်ထုတ်ခံရ

alt

အ​မေရိကန်နိုင်ငံမှ မူလတန်း​ ​ကျောင်း​ဆရာ တစ်ဦး​သည် အရုပ်နှင့​် လိင်ဆက်ဆံ​နေသည့်​အတွက် အလုပ်ထုတ်ခြင်း​ ခံခဲ့​ရ​ကြောင်း​ သိရှိရသည်။

တင်နက်ဆီရှိ နက်ရှ်ဗီး​လ်မှ အလန်​ဒေး​လ် မူလတန်း​​ကျောင်း​အနီး​တွင် ဂီတ သင်တန်း​ဆရာ တစ်ဦး​သည် အရုပ်နှင့်​ လိင်ဆက်ဆံ​နေသည်ကို မျက်မြင်များ​က ​တွေ့​ရှိခဲ့​ပြီး​​ နောက် ယခုလို အ​ရေး​ယူခံရခြင်း​ဟု သတင်း​များ​က ​ဖော်ပြခဲ့​သည်။ ​

ကျောင်း​အနီး​ရှိ တံတား​တစ်ခု​အောက်တွင် အသက် ၅၆ နှစ်အရွယ် လူတစ်ဦး​ မ​ လျော်မကန် ပြုမူ​နေသည်ကို ​တွေ့​ရှိရသူများ​က ရဲထံ အ​ကြောင်း​ကြား​ခဲ့​သည်။ ​နောက်ပိုင်း​တွင် ထိုသူမှာ ​ကျောင်း​မှ ဆရာတစ်ဦး​ဖြစ်​ကြောင်း​ ရဲများ​က ​ ဖော်ထုတ်နိုင်ခဲ့​သည်။

ထို့​​နောက်တွင်​တော့​ ​ကျောင်း​အုပ်ချုပ်​ရေး​ အဖွဲ့​က က​လေး​များ​ထံ လိင်နှင့်​ဆိုင်​သော ဆိုး​ရွား​သည့်​ အမူအကျင့်​များ​ လွှမ်း​မိုး​လာနိုင်​ ကြောင်း​ စိုး​ရိမ်ကာ ဒန်နီရယ် တိုရယ်လ်ဆို​သော အဆိုပါ ​ကျောင်း​ဆရာကို ထုတ်ပယ်ခဲ့​ခြင်း​ဖြစ်သည်။ ရဲများ​က အရုပ်နှင့​် လိင်ဆက်ဆံ​နေစဥ် ဒန်နီရယ်လ်သည် ကိုယ်လုံး​တီး​ ဖြစ်​နေပြီး​ ​ကျောင်း​သို့​ ကား​​မောင်း​လာသူများ​က ၎င်း​အား​ ထင်ထင်ရှား​ရှား​ မြင်နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ဒန်နီရယ်လ်က မိမိသည် အဆိုပါ ​နေရာမှ ​ကျောင်း​ပိုင်နက်တွင် ရှိ​နေဆဲဟု အ​သေအချာ မသိမိခဲ့​​ကြောင်း​ ဝန်ခံခဲ့​သည်။ ၎င်း​က မိမိသည် ပုံမှန်မဟုတ်​သော လိင်စိတ် လှုံ့​​ ဆော်မှုများ​ကို တွန်း​လှန်နိုင်ခြင်း​ မရှိ​ကြောင်း​ ဖွင့်​ဟခဲ့​ပြီး​ ယင်း​အတွက် မည်သည့်​ က​လေး​ကိုမျှ အန္တရာယ်​ပေး​ရန် စိတ်ကူး​မရှိ​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here