ဆီး​ရီး​ယား​တွင် ဆန္ဒပြအဓိကရုဏ်း​ ပဋိပက္ခများ​ အရှိန်မြင့်​တက်လာ

alt

ဆီး​ရီး​ယား​တွင် ဆန္ဒပြသူများ​နှင့်​ ရဲတပ်ဖွဲ့​များ​ကြား​ ပဋိပက္ခသည် ပိုမို အရှိန်မြင့်​တက်လာ​နေ​ကြောင်း​ သိရသည်။

ဆီး​ရီး​ယား​ ​ရေတပ်မ​တော်မှ စစ်သ​င်္ဘော တစ်စင်း​သည် ဆိပ်ကမ်း​မြို့​ လာတက်ကီရာကို ပစ်ခတ်ခဲ့​​ကြောင်း​ အ​ပြောင်း​အလဲ လိုလား​ လှုပ်ရှား​သူများ​ကဆိုသည်။ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကုန်က ပြုလုပ်ခဲ့​သည့်​ ​ရေတပ်၏ စစ်ဆင်​ရေး​အတွင်း​ အနည်း​ဆုံး​ ဆန္ဒပြသူ ၁၉ ဦး​မျှ ​သေဆုံး​ခဲ့​သည်ဟု ယူဆရ​ကြောင်း​ လူ့​အခွင့်​အ​ရေး​ အဖွဲ့​များ​က ​ပြောကြား​ခဲ့​ သည်။ ဆီး​ရီး​ယား​တွင် အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြမှုများ​ စတင်လာသည့်​ ၆ လအတွင်း​ ​သေဆုံး​သူ အ​ရေအတွက်မှာ ၁၇၀၀ ​ကျော်သွား​ပြီဟုလည်း​ သိရသည်။

ပြည်သူများ​က သမ္မတ ဘာရှာ အယ်လ်အာဆက်ကို ဖြုတ်ချရန် ကြိုး​စား​ရာမှ ကာလရှည်ကြာ အ​ရေး​အခင်း​များ​ ဖြစ်​ပေါ်လာခြင်း​ဖြစ်သည်။ ယခု​နောက်ဆုံး​ တိုက်ခိုက်​ရေး​ စီမံကိန်း​ကို စ​နေ​နေ့​က စတင်ပြီး​ သံချပ်ကာယာဥ်များ​နှင့်​ စစ်သား​များ​ကလည်း​ ပူး​​ပေါင်း​ ပါ၀င်ခဲ့​​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။ လာတက်ကီရာသို့​ တင့်​ကား​နှင့်​ သံချပ်ကာယာဥ် ၂ဝ မျှ ချီတက် ၀င်​ရောက်ခဲ့​​ကြောင်း​ မျက်မြင်များ​ကဆိုသည်။

ထို့​အပြင် ကမ်း​​ခြေအနီး​တွင်လည်း​ တိုက်​ ရေယာဥ် ၂ စင်း​ခန့်​က ​စောင့်​ကြည့်​​နေခဲ့​​ကြောင်း​ သိရှိရသည်။ မီး​ခိုး​​ရောင် ​ရေတပ်သ​င်္ဘော နှစ်စင်း​ ခုတ်​မောင်း​​နေသည်ကို မိမိမြင်ခဲ့​​ကြောင်း​၊ ထို​ ရေယာဥ်များ​က ​သေနတ်ဖြင့်​ ပစ်ခတ်​နေသည်ကိုလည်း​ ​တွေ့​ခဲ့​​ကြောင်း​ မျက်မြင် တစ်ဦး​က Reutersသို့​ ​ပြောကြား​ခဲ့​သည်။ ဆီး​ရီး​ယား​ အစိုး​ရပိုင် ရုပ်မြင်သံကြား​ ဌာနများ​ကမူ ​ရေတပ်က စစ်ဆင်​ရေး​တစ်ရပ် ဆင်နွှဲခဲ့​သည်ဆို​သော သတင်း​များ​အား​ ငြင်း​ဆန်ခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here