တနိုင်အာဏာဖီဆန်​ရေး​ (ဝါ) မိုး​ချို​ရေတ​ပေါက်

သရုပ်​​​ဖေါ်ပုံ © ​​​ဇောင်း​​​

ကျွန်​တော့​်အတွက် စ​နေနဲ့​တနင်္ဂ​နွေရက်များ​မှာ ​အေး​​အေး​​ဆေး​​ဆေး​ စာဖတ်ခွင့်​ရ​လေ့​ရှိ၏။ ကြား​ရက်များ​တွင်မူ

ရုံး​ကိစ္စများ​ဖြင့်​ ပိ​နေ​သော​ကြောင့်​ဖြစ်၏။ ဒီတပတ်အား​လပ်ရက်တွင် ​ကောက်ဖတ်ဖြစ်​သော စာအုပ်မှ Craw Show & Jackson တို့​​ရေး​သား​​သော “Small Acts of Resistance”အမည်ရှိ စာအုပ်ဖြစ်၏။ တနိုင်အာဏာဖိဆန်​ရေး​ဟု မြန်မာပြန်လို၏။ ဤ​နေရာတွင် အာဏာသည်မှာ အများ​ပြည်သူ အလိုမတူသည့်​ မတရား​​သော အမိန့်​အာဏာကိုဆိုလို၏။

ထိုစာအုပ်၏ အဖွင့်​စာမျက်နှာတွင် ချက်(စ်)နိုင်ငံ သမ္မတ​ဟောင်း​ဖြစ်သူ ဗား​ကလဗ်ဟာဘဲလ်၏ အာဏာမဲ့​သူတို့​၏ အာဏာအ​ကြောင်း​စကား​ချီး​ဖြင့်​ စတင်ထား​၏။ လူတစ်ဦး​ချင်း​စီက မိမိဝန်း​ကျင်တွင် ဖြစ်ပျက်​နေ​သော မတရား​မှု့​နှင့်​ ဖုံး​ကွယ်လိမ်ညာမှု့​ များ​ကို အမှန်တရား​ဖြင့်​ ​နေထိုင်လိုစိတ်နှင့်​ အာခံဆန့်​ကျင်မှု့​များ​သည် တွက်ချက်၍မရနိုင်​သော အကျိုး​​ကျေး​ဇူး​များ​​ ဖြစ်ထွန်း​တတ်​ကြောင်း​​ပြောထား​ခဲ့​၏။

၁၉၈၉ခုနှစ်ကုန်ပိုင်း​တွင် တစ်ကမ္ဘာလုံး​ အံ့​အား​သင့်​​လောက်​အောင်ဖြစ်ပွား​ခဲ့​သည့်​ အ​ရှေ့​ဥ​ရောပတခွင်လုံး​၏ ​ပြောင်း​လဲမှုကြီး​သည် သာမာန်ပြည်သူလူထုထဲမှ တစ်ဦး​ချင်း​စီ၏ မတရား​မှု့​အ​ပေါ် တနိုင်အာဏာဖီဆန်ခဲ့​ခြင်း​များ​၏ စု​ပေါင်း​အကျိုး​ရလဒ်ဖြစ်သည်ဟုလည်း​ ဆိုထား​၏။

ထိုစာအုပ်ထဲတွင် ကမ္ဘာအရပ်ရပ်ရှိ ရက်စက်ကြမ်း​ကျုတ်​သော အာဏာရှင်များ​၊ သက်ဦး​ဆံပိုင် ပ​ဒေသရာဇ်များ​၏ ဖိနိပ်မှု့​အမျိုး​မျိုး​ကို ပြည်သူပြည်သား​တို့​မှ ရရာနည်း​လမ်း​မျိုး​စုံဖြင့်​ ရဲဝံ့​​ပြောင်​မြောက်စွာ အာဏာဖီဆန်ကြသည့်​ဖြစ်ရပ်များ​ကို ​ဖော်ပြထား​၏။ အဆိုပါဖြစ်ရပ်များ​ထဲမှ အချို့​ကို ​အောက်ပါအတိုင်း​ ဆီ​လျှော်​အောင် ​ကောက်နှုတ်​ဖော်ပြလိုက်ပါ၏။

လမ်း​​လျှောက်​ကောင်း​တဲ့​ ပိုလန်သား​များ​

၁၉၈ဝခုနှစ်ဝန်း​ကျင် ပိုလန်နိုင်ငံတွင် ကွန်မြူနစ်အစိုး​ရအုပ်စိုး​​နေ​သော ကာလဖြစ်၏။ သ​င်္ဘောကျင်း​အလုပ်သမား​များ​ ဆန္ဒပြမှု့​ကို လက်နက်ဖြင့်​ အကြမ်း​ဖက် သတ်ဖြတ်နှိမ်နင်း​ပြီး​​နောက် သတင်း​အ​မှောက်ချ၍ လူထုအား​ နား​ပိတ် မျက်စိပိတ်​အောင် လုပ်ထား​​သော ကာလလည်း​ဖြစ်၏။ အစိုး​ရ၏ ည​နေပိုင်း​ (၇)နာရီခွဲသတင်း​ကို နား​မ​ထောင်လို​သော ပြည်သူများ​က “TV goes for a walk” သတင်း​အတွက်လမ်း​​လျောက်ထွက်ခြင်း​ သပိတ်ဆင်နွဲကြ၏။ ည​နေချမ်း​သတင်း​​ကြေငြာချိန်တွင် ပိုလန်သား​တို့​လမ်း​​လျှောက်ထွက်ကြ၏။ ထိုအခါ အစိုး​ရက Curfew(​နေဝင်မီး​ငြိမ်း​အမိန့်​)ကို ည(၁၀)နာရီမှ (၇)နာရီထိ ဆွဲဆန့်​ခဲ့​၏။ ဤတွင် ပိုလန်သား​တို့​ လမ်း​​လျှောက်ချိန်မှာ ည​နေ (၅)နာရီသတင်း​​ကြေငြာချိန် ဖြစ်​တော့​၏။

သီချင်း​ဆို​ကောင်း​တဲ့​ ဥရု​ဂွေး​သား​များ​

၁၉၇၃ခုနှစ်မှ စ၍ စစ်အာဏာရှင်တို့​ ဥရု​ဂွေး​နိုင်ငံကို ဗိုလ်ကျစိုး​မိုး​ခဲ့​၏။ လူအ​ထောင်အ​သောင်း​တို့​ တိုင်း​တပါး​သို့​ ထွက်​ပြေး​ကြရ၏။ အတိုက်အခံတို့​အား​ ​ထောင်သွင်း​အကျဉ်း​ချ၏။ ရက်စက်စွာ သတ်ဖြတ်နှိပ်စက်ခဲ့​၏။ ​နေရာတိုင်း​တွင် ဖိနှိပ်ချုပ်ချယ်မှု့​များ​ ရှိ​နေ၏။ တိုင်း​ပြည်ကို လက်နက်ဖြင့်​ ငြိမ်ဝပ်ပိပြား​​အောင် ဇွတ်ပုံသွင်း​ထား​ခဲ့​၏။ စစ်အုပ်ချုပ်မှု့​ (၁၂)နှစ်ကြာပြီး​​နောက် တခု​သော ​ဘောလုံး​ပွဲတွင် အံ့​အား​သင့်​စရာ အဖြစ်ပျက်တစ်ခုဖြစ်ခဲ့​၏။ ထို​နေ့​က ဥရု​ဂွေး​သား​တို့​သည် နိုင်ငံ​တော်သီချင်း​ကို ပထမပိုင်တွင် စိတ်မပါပဲ သီဆို​နေရင်း​ “ဖိနှိပ်သူတို့​ကျဆုံး​ပါ​စေ”ဟူ​သော စာသား​အ​ရောက်တွင် ဥရု​ဂွေး​သား​တို့​ မတိုင်ပင်ရပဲ တညီတညာထဲ ကျယ်​လောင်စွာ သံပြိုင်သီဆိုခဲ့​ကြ၏။ အလံများ​ကိုလည်း​ ဝမ်း​သာအား​ရ​ဝှေ့​ယမ်း​ခဲ့​ကြ၏။ စစ်အစိုး​ရမည်သို့​မှ မတတ်နိုင်၊ ​ဘောလုံး​ကွင်း​ပြည့်​ လူထုကြီိး​ကိုလဲ ဖမ်း​၍မဖြစ်နိုင်ခဲ့​။ နိုင်ငံ​တော် သီချင်း​ ထဲမှ ထိုစာသား​ကို စစ်အစိုး​ရမှ ဖြုတ်ထုတ်ရန် ကျိုး​စား​ခဲ့​​သေး​၏။ သို့​​သော် ပို၍ အရှက်ရစရာသာ ကြံုခဲ့​၏။ ​နောက်ဆုံး​တွင် ဥရု​ကွေး​နိုင်ငံ၌ စစ်အာဏာရှင်တို့​ ၁၉၈၅ခုနှစ်တွင် ကျဆုံး​ခဲ့​ရ၏။

လူ​ရွေး​တင်တဲ့​ အီရန်က တက္ကစီသမား​များ​

၁၉၇၉ခုနှစ်မှ စတင်၍ အီရန်နိုင်ငံတွင် နိုင်ငံ​ရေး​အာဏာကို အစ္စလမ်ဘာသာ​ရေး​​ခေါင်း​​ဆောင်း​များ​ လွှမ်း​မိုး​ထား​ခဲ့​၏။ ချုပ်ချယ်လွန်း​ပြီး​ ​ရှေး​ရိုး​စွဲကြီး​မား​သည့်​ ဘာသာ​ရေး​​ခေါင်း​​ဆောင်များ​ကို လွတ်လပ်၍ တိုး​တက်​သော အမြင်ရှိသည့်​ အီရန်ပြည်သူတို့​က မနှစ်မြိုကျ​ပေ။ သူတို့​၏ မ​ကျေနပ်မှုကို ထုတ်​ဖော်သည့်​အ​နေဖြင့်​ အီရန်တက္ကစီဒရိုင်ဘာတို့​သည် လမ်း​တွင် ဦး​​ပေါင်း​ထုပ်နှင့်​ ဘာသာ​ရေး​သမား​ (Mullah)များ​ လက်တား​လျှင် ဘယ်​သောအပခါမျှ ရပ်မ​ပေး​ခြင်း​ဖြင့်​ ပြသကြ၏။ ထို တက္ကဆီသမား​တို့​၏ တနိုင်အာဏာဖီဆန်မှုကို မီး​​မောင်း​ထိုး​ပြသည့်​ အိမ်​မြှောင်က​လေး​ (The Lizard)အမည်ရှိ ရုပ်ရှင်ကား​ ၂၀၀၄ခုနှစ်တွင် ပြသခဲ့​ရာ အီရန်တနိုင်ငံလုံး​ အုတ်​အော်​သောင်း​နင်း​ဖြစ်​စေခဲ၏။ ထိုကား​ထဲတွင် အိမ်​မြှောင်က​လေး​ ရီဇာ အမည်ရှိ သူခိုး​က​လေး​ ​ထောင်နံရံဖက်တက်ပြီး​ လွတ်​မြောက်သွား​ရာမှ ခိုး​ယူရခဲ့​​သော ဘာသာ​ရေး​သမား​တို့​၏ ဝတ်ရုံဖြင့်​ ထွက်​ပြေး​ရာလမ်း​တွင် တက္ကစီတား​၍မရနိုင်ဘဲ ဒုက္ခ​ရောက်ခဲ့​ပုံကို အီရန်ပြသူများ​ သ​ဘောကျနှစ်ခြိုက်ကြ၏။ ရက်သတ္တပတ်အနည်း​အငယ် အကြာတွင် အီရန် အာဏာပိုင်တို့​က ထိုရုပ်ရှင်ကား​ကို တား​မြစ်ခဲ့​​သော်လည်း​ ​နောက်ကျသွား​ခဲ့​၏။ အီရန်ပြည်သူများ​က ခိုး​ကူး​​ခွေ(DVD)များ​ဖြင့်​ အိမ်တွင်း​မှာ ရီ​မော​ပြောင်​လှောင်​နေခဲ့​ကြ၏။

ဗမာပြည်မှလွတ်​နေ​သော ငရဲ​ခွေး​များ​

၂၀၀၇ ခုနှစ် စက်တင်ဘာလထဲတွင် ဓာတ်ဆီ​ဈေး​တဟုန်ထိုး​တက်သည်ကို အ​ကြောင်း​ပြု၍ ဆင်း​ရဲကျပ်တည်း​လွန်း​သည့်​ ဗမာပြည်သူတို့​ လမ်း​မ​ပေါ်သို့​တက်လာခဲ့​ကြပြီး​ အ​ခြေခံလူ့​အခွင့်​​ရေး​နှင့်​ လွတ်လပ်ခွင့်​ကို ​တောင်း​ဆိုကြ၏။ ဥပ​ဒေမဲ့​ အုပ်ချုပ်​လေ့​ရှိ​သော ဗမာစစ်အာဏာရှင်တို့​က လူ​ပေါင်း​များ​စွာ သတ်ဖြတ် ဖမ်း​ဆီး​နှိမ်နှင်း​ခဲ့​၏။ ရန်ကုန်မြို့​၏ လမ်း​မများ​​ပေါ် ​နေ့​​ရောညပါ စစ်သား​များ​ကင်း​လှည့်​​နေ​သော​ကြောင့်​ ပြည်သူတို့​လမ်း​မ​ပေါ်ထွက်ခွင့်​မရခိုက်ဖြစ်၏။ ထိုအချိန်တွင် ဗမာပြည်သူတချို့​၏ တနိုင်အာဏာဖီဆန်​ရေး​ကား​ ​ပြောင်​မြောက်လှ၏။ စစ်အာဏာရှင် ဗိုလ်သန်း​​ရွှေနှင့်​ ထိပ်ပိုင်း​​ခေါင်း​​ဆောင်း​များ​၏ ဓာတ်ပုံများ​လည်မှာ ဆွဲထား​​သော ​ခွေး​​လေ​ခွေး​လွင့်​များ​ လမ်း​မ​ပေါ်​လျှောက်သွား​​နေသည်ကို အံ့​ဩစွာ မြင်ကြရ၏။ စစ်အစိုး​ရမည်သို့​မျှ မတုံ့​ပြန်နိုင်ခဲ့​။ ထို​ခွေး​များ​ကို ပုဒ်မ ၅(ည)ဖြင့်​ ဖမ်း​ဆီး​​ထောင်ချ၍ မဖြစ်နိုင်ခဲ့​။ ဗမာပြည်မှ လွတ်​မြောက်​နေ​သော ငရဲ​ခွေး​များ​ပါ​ပေ။

ဒီမိုက​ရေစီ​ငွေစက္ကု

​ပြောင်​မြောက်​သော တခြား​တနိုင်ဆန့်​ကျင်မှုကို ပြသခဲ့​သူမှာ တစ်ကျပ်တန်​ငွေစက္ကုကို ဒီဇိုင်း​ထုတ်ခဲ့​သူဖြစ်၏။ တိုင်း​ပြည်ကို အနိုင်ကျင့်​ဗိုလ်ကျ​နေသည့်​ စစ်အာဏာရှင်ကို မုန်း​တီး​မှုနှင့်​အတူ လူထု​ခေါင်း​​ဆောင် ​ဒေါ်​အောင်ဆန်း​စုကြည်အား​ ကြည်ညိုမြတ်နိုး​မှု့​ကို ​ငွေစက္ကု​ရေစာထဲတွင် ဗိုလ်ချုပ်​အောင်ဆန်း​၏ပုံကို ​ဒေါ်​အောင်ဆန်း​စုကြည်ပုံနှင့်​ တူ​အောင် ဆွဲ​ပေး​လိုက်ခြင်း​ဖြင့်​ ပြသခဲ့​၏။ ထို့​အပြင် ရှစ်ဂဏန်း​​လေး​လုံး​ (၈/၈/၈၈)ကိုလည်း​ ​ငွေစက္ကု၏ ပန်း​ခက်ဒီဇိုင်း​ကြား​တွင် ထည့်​ဆွဲထား​လိုက်​သေး​၏။ မြန်မာစစ်အစိုး​ရသည် ဖြန့်​​ဝေပြီး​သား​ အဆိုပါ ​ငွေစက္ကုများ​ကို လိုက်လံသိမ်း​ဆည်း​ခြင်း​ ဖျက်သိမ်း​ခြင်း​ပြုလုပ်ခဲ့​၏။ သို့​​သော် အကုန်ပြန်မရခဲ့​​ပေ။ ပြည်သူတို့​က ၎င်း​တစ်ကျပ်တန်​ငွေစက္ကုကို ဒီမိုက​ရေစီ​ငွေစက္ကုဟု ​ခေါ်​ဝေါ်လျှက် သိမ်း​ဆည်း​ထား​လိုက်ကြ​တော့​၏။

နှမ်း​တလုံး​၊ သဲတပွင့်​၊ မိုး​တ​ပေါက်

အထက်ပါ သာဓကများ​ကား​ ဆင်း​ရဲ ချမ်း​သာမ​ရွေး​၊ ​တောင်​ပေါ်​မြေပြန့်​မကျန်၊ သာမာန်ပြည်သူပြည်သား​တိုင်း​ မိမိတို့​ အ​ခြေအ​နေ​ပေး​သ​လောက် ထုတ်​ဖော်ပြသနိုင်​သော “တနိုင် အာဏာဖီဆန်မှု့​များ​”ဖြစ်ကြ၏။ နှမ်း​လုံး​များ​စွာစုလျှင် ဆီဖြစ်သကဲ့​သို့​၊ မိုး​စက်များ​စွာ၏ ​ပေါင်း​စုအား​ဖြင့်​ မာ​ကျော​သော ​ကျောက်ဆိုင်ကြီး​ကို တိုက်စား​ ဖြိုဖျက်နိုင်​ပေသည်။

၎င်း​စာအုပ်ထဲတွင် မပါဝင်ခဲ့​​သော အခြား​​သော သာဓကများ​စွာ မြန်မာပြည်တွင် ရှိ​နေခဲ့​ပြီ။ အာဏာပိုင်တို့​ကို ပြန်တရား​စွဲရဲ​သော မစုစု​နွေး​၊ ကုန်​ဈေး​နှုန်း​အတွက် တစ်ကိုယ်​တော် ဆန္ဒပြသူ ကိုထင်​ကျော်၊ အဖိနှိပ်ခံပြည်သူ ဘက်က ​ရှေ့​​နေ ကိုဖိုး​ဖြူ၊ ​အေအိုင်ဒီအက်(စ်) ​ဝေဒနာသည်များ​ကို ​စောင့်​​ရှောက်သူ မဖြူဖြူသင်း​၊ နွမ်း​ပါး​သူတို့​ရဲ့​ နာ​ရေး​အကျိုး​​တော်​ဆောင် ကို​ကျော်သူ၊ အစရှိသည့်​ အ​ထောင်အ​သောင်း​​သော အာဇာနည်ပြည်သူတို့​၏ တနိုင်အာဏာဖီဆန်မှု မိုး​​ရေချိုစက်​ပေါင်း​များ​စွာ၏ တိုက်စား​ဖြိုဖျက်မှု​ကြောင့်​ စစ်အာဏာရှင် ​ကျောက်​ဆောင်ကြီး​ကား​ တ​နေ့​တခြား​ ချိနဲ၍လာပါပြီ။

ကျွန်ုပ်တို့​နိုင်ငံတွင် ယ္ခုအခါ၌ ​အောက်​ဖော်ပြပါ အမျိုး​သား​​ရေး​လှှုပ်ရှား​မှုများ​ကို အချိန်ဟုန်မြှင့်​တင်ရန် လွန်စွာ လိုအပ်လျှက်ရှိ​နေ​ပေသည်။

  • (၁) ပြည်တွင်း​စစ်ရပ်စဲ၍ စစ်မှန်​သော ငြိမ်း​ချမ်း​​ရေး​ ​ဖော်​ဆောင်ရန်လှှုပ်ရှား​မှု။
  • (၂) အမျိုး​သား​ပြန်လည်သင့်​မြတ်​ရေး​လှှုပ်ရှား​မှု။
  • (၃) နိုင်ငံ​ရေး​ အကျဉ်း​သား​အား​လုံး​ လွတ်​မြောက်​ရေး​လှုပ်ရှား​မှု။
  • (၄) စစ်အစိုး​ရနှင့်​ တရုတ်နိုင်ငံတို့​ ပူး​​ပေါင်း​ဖျက်ဆီး​ကြမည့်​ ဧရာဝတီကယ်တင်​ရေး​လှှုပ်ရှား​မှု။
  • (၅) ဒုတိယ ပင်လုံညီလာခံ​ပေါ်​ပေါက်​ရေး​ လှှုပ်ရှား​မှု။
  • (၆) လူထုတရပ်လုံး​အတွင်း​ လူ့​အခွင့်​အ​ရေး​ ပညာ​ပေး​လှှုပ်ရှား​မှု၊
  • (၇) စစ်မှန်​သော ဒီမိုက​ရေစီကို အာမခံချက်​ပေး​နိုင်သည့်​ ဖွဲစည်း​ပုံအ​ခြေခံဥပ​ဒေ ​ပေါ်​ပေါက်​ရေး​လှှုရှား​မှု။
  • (၈) တစ်နိုင်ငံလုံး​ အနှံအပြား​ ဖြစ်ပွား​​နေသည့်​ မတရား​မူနှင့်​ ဥပ​ဒေမဲ့​ အနိုင်ကျင့်​မူများ​ကို ရဲဝံ့​ဆန့်​ကျင်​ရေး​လှှုပ်ရှား​မူ။

နိုင်ငံချစ်ပြည်သူပြည်သား​တိုင်း​ ​ခေါင်း​ရွက်ဗျတ်ထိုး​ လက်လုပ်လက်စား​များ​မှသည် အိမ်​ထောင်ရှင်မများ​ လယ်သမား​ အလုပ်သမား​၊ ​ကျောင်း​သား​၊ ဘုရား​သား​၊ စစ်သား​၊ ရဲသား​မှသည် လူတန်စား​အလွှာအသီး​သီး​တို့​ မိမိနိုင်ရာကိုယ်စီ တာဝန်ထမ်း​လျှက် အထက်​ဖော်ပြပါ လှှုပ်ရှား​မှု့​ကြီး​ကို အ​ထောက်အပံ့​ဖြစ်​စေမည့်​ နည်း​လမ်း​မျိုး​စုံ သုံး​၍ တနိုင်အာဏာဖီဆန်​ရေး​သည် သမိုင်း​​ပေး​တာဝန် တရပ်ဖြစ်​ကြောင်း​ တင်ပြရင်း​ ၍​ဆောင်း​ပါး​အား​ နိဂုံချုပ်အပ်ပါ၏။

မင်း​​ကောင်း​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here