တရုတ်နိုင်ငံတွင် အကျဉ်း​ချံုး​လက်ထပ်ပွဲများ​ ပိုမိုပြုလုပ်လာ

alt

တရုတ်နိုင်ငံတွင် ဗလာလက်ထပ်ပွဲဟု လူသိများ​​သော အကျဥ်း​ချံုး​လက်ထပ်သူ အ​ရေအတွက် ပိုမိုများ​ပြား​လာ​ကြောင်း​ သိရှိရသည်။

လူငယ်ပိုင်း​များ​သည် ​ရှေး​ထုံး​တမ်း​ အ​ဆောင်အ​ယောင်များ​ကို စွန့်​ပယ်ကာ အကုန်အကျ နည်း​ပါး​စွာဖြင့်​ ကျစ်ကျစ်လျစ်လျစ်ပင် နှစ်ဦး​သား​ ဘဝကို ထူ​ထောင်ရန် စိတ်အား​ထက်သန်လာခဲ့​ကြသည်။ အသက် ၂၆ နှစ်ရှိ ဝမ်ရှိုရီက ၎င်း​နှင့်​ ဇနီး​ဖြစ်သူ ဇန်ဇင်း​တို့​သည် မင်္ဂလာ​ဆောင်ရန်အတွက် လက်ထပ်စာချုပ် ဝယ်ယူ​သော ၉ ယွမ်သာ အကုန်အကျ ရှိခဲ့​​ကြောင်း​ ​ပြောကြား​သွား​သည်။

ဝမ်က မိမိတို့​သည် ရှီဂျီဇမ်း​ရှိ ငှား​ရမ်း​ထား​​သော တိုက်ခန်း​​လေး​ထဲတွင်သာ နှစ်ဦး​သ​ဘောတူ လက်ထပ်ခဲ့​သည်ဟု ဖွင့်​ဟခဲ့​သည်။ ​တော်လှန်​သော အမြင်ရှိသည့်​ ​ခေတ်လူငယ်များ​သည် ဝမ်နှင့်​ ဇန်တို့​ကဲ့​သို့​ပင် ဗလာလက်ထပ်ပွဲများ​ကို လက်ခံလာကြသည်။ သူမ၏ မိဘများ​က ဝမ်ကို ကား​တစ်စင်း​နှင့်​ အိမ်တစ်လုံး​ တင်​တောင်း​​စေလိုသည့်​ ဆန္ဒရှိ​ကြောင်း​၊ လက်ရှိတွင် မဖြစ်နိုင်သည့်​အတွက် မိမိတို့​၏ ဆုံး​ဖြတ်ချက်ဖြင့်​ သီး​သန့်​ လက်ထပ်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ဇန်က ​ပြောဆိုသွား​သည်။

ရိုး​ရာအား​ဖြင့်​ တရုတ်နိုင်ငံသား​များ​သည် ထိမ်း​မြား​လက်ထပ်ချိန်တွင် ကိန်း​ကြီး​ခန်း​ကြီး​ အ​ဆောင်အ​ယောင်များ​ ခင်း​ကျင်း​ကြသလို လက်ဖွဲ့​ပစ္စည်း​များ​ကိုလည်း​ အများ​အပြား​ ​တောင်း​ဆို​လေ့​ ရှိကြသည်။ သို့​​သော်လည်း​ ယခုအခါ အထိုက်အ​လျောက် တတ်နိုင်​သော တရုတ်လူငယ်ပိုင်း​ပင်လျင် အဆိုပါ ချဲ့​ကား​မှုများ​ကို စွန့်​ပယ်လာကြသည်။ ဗလာလက်ထပ်မှုများ​သည် ၂၀၀၈ ခုနှစ်​နောက်ပိုင်း​ အင်တာနက် အသုံး​ပြုသူများ​ အချင်း​ချင်း​ ထိမ်း​မြား​မှုတွင် လက်ခံ ကျင့်​သုံး​လာကြသည်။

တရုတ်လူငယ် ​နေ့​စဥ် သတင်း​စာက လူငယ် ၃၂၀၀ ​ကျော်ကို စစ်တမ်း​ ​ကောက်ခံခဲ့​ရာ ၄၃ ရာခိုင်နှုန်း​က ဗလာလက်ထပ်ခြင်း​များ​ကို ​ထောက်ခံခဲ့​ပြီး​ ၂၃ ရာခိုင်နှုန်း​ကသာ ဆန့်​ကျင်ခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here