ကွန်ပျူတာဂိမ်း​စွဲ​နေသည့်​ က​လေး​ငယ်က မိခင်ဖြစ်သူအား​ လက်သီး​ဖြင့​်ထိုး​

alt

ကွန်ပျူတာဂိမ်း​များ​ အလွန်အကျွံ စွဲလန်း​စွာ ကစား​​နေသည့်​ က​လေး​ငယ် တစ်ဦး​သည် မိခင်ဖြစ်သူအား​ လက်သီး​ဖြင့်​ ထိုး​ခဲ့​​ကြောင်း​ သိရသည်။

​ဟောင်​ကောင်ရှိ မွန်း​​ကော့​မှ က​လေး​ငယ်သည် ဂိမ်း​ကို ဆက်တိုက် ကစား​​နေသဖြင့်​ ၎င်း​၏ မိခင်က တား​ဆီး​ရန် ကြိုး​စား​ခဲ့​သည်။ ထိုအခါ အသက် ၁၄ နှစ်အရွယ် က​လေး​က စိတ်ဆိုး​ပြီး​​နောက် မိခင်ဖြစ်သူအား​ ရန်ပြု တုံ့​ပြန်ခဲ့​ခြင်း​ဖြစ်သည်။ က​လေး​ငယ်သည် ညဘက် ၁ နာရီထိ ဂိမ်း​ကစား​​နေဆဲဖြစ်ရာ အသက် ၄၂ နှစ်ရှိ မိခင်က ဆူပူပြီး​ ရပ်တံ့​ရန် ​ပြောဆိုခဲ့​သည်။

သို့​​သော်လည်း​ လူငယ်က ငြင်း​ဆိုခဲ့​ပြီး​​နောက် ဆက်လက်အချင်း​များ​ရာမှ ၎င်း​၏ မိခင်ကို ကြမ်း​ပြင်​ပေါ် တွန်း​လှဲပြီး​ ထိုး​ကြိတ်ခဲ့​ခြင်း​ဖြစ်သည်။ ဇနီး​ဖြစ်သူ၏ ​အော်သံကို ကြား​ရပြီး​​နောက် က​လေး​၏ ဖခင်က ၀င်​ရောက်ကူညီကာ သား​ဖြစ်သူအား​ ဖယ်ရှား​ခဲ့​ရသည်။

ရဲများ​က ထိုလူငယ်အား​ ဖမ်း​ဆီး​ခဲ့​​သော်လည်း​ ​နောက်ပိုင်း​တွင် အာမခံဖြင့်​ ပြန်လွှတ်​ပေး​ခဲ့​သည်။ မိခင်ဖြစ်သူသည် ​ဆေး​ရုံသို့​ သွား​​ရောက်ပြီး​ အပြင်လူနာအဖြစ် ကုသမှု ခံယူခဲ့​ရ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here