American Idol တွင် ဂျင်နီဖာလိုပက်ဇ် ဒိုင်အဖြစ် ဆက်လက်​ဆောင်ရွက်မည်

alt

American Idol အစီအစဥ်တွင် ဂျင်နီဖာလိုပက်ဇ်တစ်​ယောက် ဒိုင်အဖြစ် ဆက်လက် ပါ၀င်မည်ဟု သိရှိရသည်။

​နောက်ထပ် ရာသီသစ်အတွက် American Idol၏ ကမ်း​လှမ်း​မှုကို အဆို​တော် မင်း​သမီး​က လက်သင့်​ခံခဲ့​သည်။ အမှု​ဆောင် ပရိုဂျူဆာ နီဂယ်လစ်ဂိုး​က လာမည့်​ရာသီ ဒိုင်လူကြီး​ စာရင်း​တွင် ​ဂျေလိုဟု ချစ်စနိုး​ ​ခေါ်​ဝေါ်ခြင်း​ခံရသည့်​ အဆို​တော် ဆက်လက် ရှိ​နေမည်ဟု အတည်ပြု ​ကြေညာသွား​သည်။

ယခု ​ပြောဆိုမှုသည် တရား​၀င် မဟုတ်​သေး​​သော်လည်း​ ​ဂျေလိုသည် ရာသီသစ် အစီအစဥ် ​သေချာ​ပေါက် ရှိ​နေမည်ဟု နီဂယ်လ်က ကတိပြုခဲ့​သည်။ ၎င်း​က ​ဂျေလိုနှင့်​ ဆက်လက် လက်တွဲခွင့်​ ရ​နေခြင်း​ကိုလည်း​ ​ပျော်ရွှင်မိ​ကြောင်း​ ​ပြောကြား​သွား​သည်။

​ဂျေလိုသည် ပြီး​ခဲ့​သည့်​နှစ်က ဒိုင်အဖြစ် စတင်ပါ၀င်ခဲ့​ပြီး​ ယင်း​အတွက် ​ဒေါ်လာ ၁၀ သန်း​ထိ ရရှိခဲ့​​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်ခဲ့​သည်။ နီဂယ်၏ ​ပြောဆိုမှုနှင့်​ ပတ်သက်ပြီး​ ​ဂျေလိုက ယခုတိုင် မှတ်ချက် မ​ပေး​​သေး​​ပေ။

LEAVE A REPLY

Please enter your comment!
Please enter your name here