နိုင်ငံခြား​သား​ အလုပ်သမား​များ​ကို ဓား​ပြတိုက်သည့်​ မ​လေး​ရှား​လူဝင်မှုကြီး​ကြပ်​ရေး​အရာရှိ

alt

နိုင်ငံခြား​သား​ အလုပ်သမား​များ​ကို ဓား​ပြတိုက်မှုအတွက် မ​လေး​ရှား​တွင် လူဝင်မှု ကြီး​ကြပ်​ရေး​ အရာရှိ တစ်ဦး​ကို တရား​စွဲဆိုထား​​ကြောင်း​ သိရှိရသည်။

ရှန်အလမ်တွင် နိုင်ငံခြား​ အလုပ်သမား​ ၁၂ ဦး​ကို ဓား​ပြတိုက်မှုအတွက် အဆိုပါ အရာရှိအပြင် အာမခံလုပ်ငန်း​ ​အေး​ဂျင့်​နှစ်ဦး​၊ ညပိုင်း​​ဈေး​​ရောင်း​သူ တစ်ဦး​ကိုလည်း​ စွဲချက်တင်ထား​သည်။ သံသယ တရား​ခံ အား​လုံး​က မိမိတို့​တွင် အပြစ်မရှိ​ကြောင်း​ ထွက်ဆိုထား​သည်။

အသက် ၂၅ နှစ်ရှိ လူဝင်မှု ကြီး​ကြပ်​ရေး​ အရာရှိ မိုဟာမက် ဖီထရီ မိုဟာမက် ယူဆွတ်၊ အ​ရောင်း​အဝယ် လုပ်ကိုင်သူ မွတ်ဖိုင်ဆယ် ဆူလီမန်နှင့်​ ​အေး​ဂျင့်​ နှစ်ဦး​ဖြစ်​သော မူဟာမက် အာရှရက် ဂျိုဟာနီ၊ အဇူရှန်အက်ဘဒူမန်တို့​သည် စွဲချက်နှင့်​ ပတ်သက်ပြီး​ မိမိတို့​နှင့်​ မသက်ဆိုင်​ကြောင်း​ အသီး​သီး​ ငြင်း​ချက်ထုတ်ထား​သည်။

၎င်း​တို့​သည် သား​​ကောင်အဖြစ် သတ်မှတ်ထား​သူ နိုင်ငံခြား​ အလုပ်သမား​များ​ထံမှ ရင်း​ဂစ်​ငွေ ၄၁၅၀ နှင့်​ မိုဘိုင်း​ဖုန်း​များ​ကို လုယူခဲ့​​ကြောင်း​ အစွပ်စွဲ ခံထား​ရသည်။ ပြစ်မှု ထင်ရှား​ပါက အဆိုပါ ပုဂ္ဂိုလ်များ​သည် ​ထောင်ဒဏ် နှစ် ၂၀ ထိ ချမှတ်ခြင်း​ ခံရမည်ဟုလည်း​ သိရှိရသည်။

၎င်း​တို့​အား​ ကနဦး​ ကြား​နာမှုများ​ ပြုလုပ်ခဲ့​ပြီး​ တစ်ဦး​လျင် အာမခံ​ကြေး​ ရင်း​ဂစ် ၉၀၀၀ စီ တရား​ရုံး​က သတ်မှတ်ထား​​ကြောင်း​လည်း​ သတင်း​များ​က ​ဖော်ပြထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here