လိင်ပါတီပွဲကို က​လေး​ဖြစ်သူအား​ မှတ်တမ်း​တင်ခိုင်း​သည့်​မိခင်ကို စွဲချက်တင်ထား​

alt

အ​မေရိကန်မှ အမျိုး​သမီး​ တစ်ဦး​သည် သူမ၏ လူစုလူ​ဝေး​ လိင်ပါတီပွဲကို ၆ နှစ်အရွယ် သမီး​​လေး​အား​ ဗီဒီယို မှတ်တမ်း​ ရိုက်ကူး​​စေခဲ့​မှုအတွက် စစ်​ဆေး​ခြင်း​ ခံ​နေရ​ကြောင်း​ သိရှိရသည်။

အသက် ၂၄ နှစ်ရှိ အမျိုး​သမီး​သည် က​လေး​ငယ် တစ်ဦး​အ​ပေါ် မ​လျော်မကန် ဆက်ဆံမှုဖြင့်​ စွဲချက်တင် ခံထား​ရပြီး​ ယင်း​ပြစ်မှုသည် ​ထောင်ဒဏ် ၁၀ နှစ်ထိ၊ သို့​မဟုတ် ဒဏ်​ငွေ ​ဒေါ်လာ တစ်​သောင်း​ထိ ချမှတ်ခြင်း​ ခံရနိုင်​ကြောင်း​လည်း​ သတင်း​များ​ကဆိုသည်။

အမျိုး​သမီး​အား​ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကုန်က ဖမ်း​ဆီး​ခဲ့​ပြီး​​နောက် စစ်​ဆေး​မှုများ​ ပြုလုပ်ခဲ့​သည်။ APသတင်း​ဌာနက က​လေး​မ​လေး​၏ အမည်ကိုပါ သိရှိသွား​နိုင်သဖြင့်​ အမျိုး​သမီး​၏ အမည်ကို ​ဖော်ပြခဲ့​ခြင်း​ မရှိ​ပေ။

Dallas Morning သတင်း​စာက ရဲများ​သည် ဖြစ်စဥ်နှင့်​ ပတ်သက်ပြီး​ အမျိုး​သမီး​၏ ​နေအိမ်တွင်လည်း​ အထူး​ပြု ​လေ့​လာခဲ့​​ကြောင်း​ ​ဖော်ပြသွား​သည်။

ရဲများ​၏ အဆိုအရ အမျိုး​သမီး​သည် လူ ၆ ဦး​ ပါ၀င်​သော မတူညီသည့်​ အုပ်စုလိုက် လိင်ပါတီများ​တွင် သမီး​ဖြစ်သူအား​ မိုဘိုင်း​လ်ဖုန်း​ တစ်လုံး​ဖြင့်​ ဗီဒီယိုရိုက်ရန် ခိုင်း​​စေခဲ့​ခြင်း​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here