ကိုယ်အ​လေး​ချိန်တက်လာသဖြင့်​ မက္ကစီကိုအလှမယ်ဘွဲ့​ကို စွန့်​လွှတ်ရ

alt

ကိုယ်အ​လေး​ချိန် တက်လာသည့်​အတွက် မက္ကစီကို အလှမယ်ခမျာ သူမ၏ ဘွဲ့​ထူး​ကို ပြန်လည် စွန့်​လွှတ်လိုက်ရသည်။

အသက် ၁၉ နှစ်ရှိ ဆီနီသာ ဒီလာဗီဂါသည် နိုဝင်ဘာလတွင် ပြုလုပ်မည့​် မယ်ကမ္ဘာ​ရွေး​ပွဲသို့​ မက္ကစီကို ကိုယ်စား​ပြု ယှဥ်ပြိုင်ရန် စီစဥ်ထား​ပြီး​ဖြစ်သည်။ သို့​​သော်လည်း​ သူမသည် ကိုယ်အ​လေး​ချိန် ၃ ကီလိုဂရမ် တက်လာပြီး​​နောက် မက္ကစီကိုမယ် ​ရွေး​ချယ်​ရေး​ အစီအစဥ် တာဝန်ရှိသူများ​က သူမအား​ ဒုတိယဆုရှင် မိန်း​က​လေး​ကိုသာ မက္ကစီကို အလှမယ်အဖြစ် ​စေလွှတ်ရန် ဆုံး​ဖြတ်ခဲ့​သည်။

ဒီလာဗီဂါက သူမသည် ကိုယ်အ​လေး​ချိန် အနည်း​ငယ် တက်လာပြီး​​နောက် ပြိုင်ပွဲ တာဝန်ရှိသူများ​က ကိုယ်အ​လေး​ချိန် ​လျှော့​ချရန် ​စေခိုင်း​ခဲ့​​ကြောင်း​ ထုတ်​ဖော် ​ပြောကြား​ခဲ့​သည်။ ​နောက်ပိုင်း​တွင်မူ မက္ကစီကို အလှမယ် ​ရွေး​ချယ်​ရေး​ ​ကော်မတီက ဒီလာဗီဂါသည် သတ်မှတ် စည်း​မျဥ်း​များ​ကို လိုက်နာရန် ပျက်ကွက်ခဲ့​​ကြောင်း​ ဆုံး​ဖြတ်ကာ အလှမယ်ဘွဲ့​ကို ရုတ်သိမ်း​ခဲ့​ခြင်း​ဟု ​ကြေညာသွား​သည်။

သူမအ​နေနှင့်​ အဆိုပါ ကိစ္စ​ကြောင့်​ ငို​ကြွေး​ခဲ့​မိ​ကြောင်း​ ဒီလာဗီဂါက ရင်ဖွင့်​ခဲ့​သည်။ မက္ကစီကို အလှမယ် ​ရွေး​ချယ်​ရေး​ ​ကော်မတီသည် မယ်စကြာဝဠာ ပြိုင်ပွဲသို့​ ဒီလာဗီဂါအစား​ ဒုတိယဆုရှင် အလှမယ် ဂါဘရီရယ်လ် ပလာစီယို ဒိုင်ယက်ဇ်အား​ ​စေလွှတ်မည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here