ကွယ်လွန်သူ အမ်မီဝိုင်း​​ဟောက်စ်​နေအိမ် ​ဖောက်ထွင်း​ခံရ

alt

ကွယ်လွန်သူ ဗြိတိသျှ Popဂီတ အဆို​တော် အမ်မီဝိုင်း​​ဟောက်စ်၏ ​နေအိမ်တွင် ​ဖောက်ထွင်း​မှုတစ်ခု ဖြစ်ပွား​ခဲ့​​ကြောင်း​ သိရှိရသည်။

The Sunသတင်း​စာက အမ်မီ ကွယ်လွန်ပြီး​ ရက်အနည်း​ငယ်အတွင်း​ လန်ဒန်​မြောက်ပိုင်း​ ကမ်ဒန်း​ရှိ ​နေအိမ်ကို ခိုး​၀င်ပြီး​​နောက် သူမ၏ သီချင်း​စာသား​ ​ရေး​ထား​သည့်​ စာအုပ်များ​၊ ဂစ်တာနှင့်​ တရား​၀င် မဖြန့်​ချီရ​သေး​သည့်​ သီချင်း​များ​ကို ယူ​ဆောင်သွား​ခဲ့​​ကြောင်း​ ​ဖော်ပြခဲ့​သည်။

ယခု​ဖောက်ထွင်း​မှုသည် အမ်မီ၏ ကျန်ရစ်သူ မိသား​စုအတွက် အလွန် တုန်လှုပ်စရာ ဖြစ်ခဲ့​ပြီး​ ထိုလုပ်ရပ် ကျူး​လွန်သူမှာ အဆင့်​အတန်း​ နိမ့်​ကျလွန်း​​ကြောင်း​ အမ်မီ့​ မိသား​စုနှင့်​ နီး​စပ်သူ တစ်ဦး​က ​ပြောကြား​ခဲ့​သည်။

ထို့​အပြင် အမ်မီ၏ ဖခင်ဖြစ်သူ မစ်ချ်က ခိုး​ယူသွား​သူအ​နေနှင့်​ အမ်မီ၏ ပစ္စည်း​များ​ကို ပြန်လည်​ပေး​ပို့​ရန် ​ကြေညာချက်ထုတ်ပြန် ပန်ကြား​လာဖွယ် ရှိ​နေ​ကြောင်း​လည်း​ သိရသည်။ အမ်မီသည် ဇူလိုင်လ ၂၃ ရက်​နေ့​က သူမ၏ ​နေအိမ်တွင်ပင် ကွယ်လွန်ခဲ့​သည်။

သူမ ​သေဆုံး​ပြီး​​နောက် ​သေဆုံး​ရသည့်​ အ​ကြောင်း​ရင်း​ကို ​ဖော်ထုတ်​နေဆဲ အချိန်တွင် ထိုအိမ်အား​ မှုခင်း​​နေရာ တစ်ခုအဖြစ် သတ်မှတ်ထား​သည်။ ထိုအိမ်တွင် မိသား​စုဝင်များ​နှင့်​ ရဲတပ်ဖွဲ့​၀င်များ​ အပါအဝင် လူ ၂၀ ​ကျော်မျှ ၀င်ထွက်​နေခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here