လူမှား​တတ်လွန်း​သည့်​ တရုတ်အမျိုး​သမီး​

alt

တရုတ်နိုင်ငံမှ အမျိုး​သမီး​ တစ်ဦး​သည် လူမှား​ပြီး​ သူမ၏ ချစ်သူ မဟုတ်​သော အမျိုး​သား​ တစ်ဦး​နှင့်​ လိင်ဆက်ဆံမိခဲ့​​ကြောင်း​ သိရှိရသည်။

ယခုအခါ အဆိုပါ အမျိုး​သား​အား​ အမျိုး​သမီး​၏ ကြည်ဖြူမှု​ကြောင့်​ မုဒိမ်း​မှုနှင့်​ စွဲချက်တင်ရန် ရဲများ​အတွက် အခက်​တွေ့​​နေရသည်။ အသက် ၂၆ နှစ်ရှိ အမျိုး​သမီး​နှင့်​ သူမ၏ ချစ်သူတို့​သည် သူငယ်ချင်း​တစ်ဦး​၏ ​မွေး​​နေ့​ပါတီသို့​ ညဘက် သွား​​ရောက်ခဲ့​ကြသည်။

ထို့​​နောက် အိမ်ပြန်ရန် အလွန်​နောက်ကျ​နေသည့်​အတွက် ဂွီဇူး​ရှိ ဟိုတယ်တစ်ခုတွင်သာ အတူတည်း​ခိုရန် ဆုံး​ဖြတ်ခဲ့​သည်။ ညဘက်တွင် အမျိုး​သမီး​သည် အခန်း​ပြင်ရှိ အများ​သုံး​ အိမ်သာသို့​ ထသွား​ခဲ့​သည်။

ထို့​​နောက် အပြန်တွင်မူ အခန်း​မှား​ပြီး​ ၀င်သွား​မိ​လေသည်။ အခန်း​ထဲတွင် ရှိ​နေ​သော အမျိုး​သား​က သူမအား​ လိင်နှင့်​ပတ်သက်ပြီး​ နှိုး​ဆွလာသည့်​အခါ အမျိုး​သမီး​ကလည်း​ မိမိ၏ ချစ်သူပင် အထင်နှင့်​ ​ပျော်​ပျော်ရွှင်ရွှင် လိုက်​လျောခဲ့​သည်။

နောက်ပိုင်း​ကျမှ ထိုသူမှာ သူမ၏ ချစ်သူ မဟုတ်မှန်း​ သိရှိပြီး​​နောက် ရဲတပ်ဖွဲ့​အား​ တိုင်ကြား​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here