ဘီဘာနှင့်​ဂိုမက်ဇ်တို့​၏ ကိုယ်ဗလာနီး​ပါး​ ရုပ်တုများ​ မကြာမီမြင်​တွေ့​ရမည်

alt

ဂျက်စတင် ဘီဘာနှင့်​ ဆယ်လီနာဂိုမက်ဇ်တို့​၏ အပြည့်​အဝ ကိုယ်ဗလာနီး​ပါး​ ရုပ်တုများ​ကို မကြာမီ ​တွေ့​မြင်ရ​တော့​မည် ဖြစ်သည်။

အဓိက မမြင်အပ်​သော ​နေရာများ​တွင် က​နေဒါ ​မေပယ်သစ်ရွက်​လေး​ တစ်ခုနှင့်​ တက္ကဆက်စ် ကြယ်ပွင့်​​လေး​ တစ်ခုစီသာ ဖုံး​အုပ်ထား​သည့်​ ​ကြေး​ရုပ်တု နှစ်ခုကို အ​မေရိကန် ပန်း​ပုဆရာ ဒန်နီရယ် အက်ဒွပ်က တာဝန်ယူ ထုလုပ်ခဲ့​ခြင်း​ဖြစ်သည်။

​ဟောလီး​ဝုဒ် အ​ကျော်ကြား​ဆုံး​ လူငယ် ကြယ်ပွင့်​နှစ်ဦး​၏ ပုံများ​ကို ဒဲလက်စ်ရှိ လိင်မှုဆိုင်ရာ ​ဖျော်​ဖြေ​ရေး​ ပစ္စည်း​အ​ရောင်း​ဆိုင် တစ်ခုဖြစ်သည့်​ New York Fine Artsတွင် ထား​ရှိသွား​မည်ဟု သိရသည်။ ရုပ်တုနှစ်ခု​ရှေ့​တွင် က​နေဒါငန်း​ တစ်​ကောင်နှင့်​ တက္ကဆက်စ်မှ သင်း​​ခွေကြပ် တစ်​ကောင်၏ ပုံကိုလည်း​ ထွင်း​ထုထား​သည်။

ဘီဘာသည် က​နေဒါမှဖြစ်ပြီး​ ဂိုး​မက်ဇ်က တက္ကဆက်စ်မှ ဖြစ်​သော​ကြောင့်​ သက်ဆိုင်ရာ ​ဒေသကို ကိုယ်စား​ပြုသည့်​ အထိမ်း​အမှတ် ပစ္စည်း​​လေး​များ​ကို ၎င်း​တို့​၏ ခန္ဓာကိုယ် အဓိက ​နေရာများ​တွင် တွယ်ကပ် ဖုံး​အုပ်​ပေး​ထား​ခြင်း​ဖြစ်သည်။

အဆိုပါ ယှဥ်လျက်ရှိ​သော ရုပ်တုတွင် Justin & Selena Forever ဟူ​သော စာတန်း​ကိုလည်း​ ​ရေး​ထိုး​​ပေး​ထား​​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here