အရက်မူး​ပြီး​ မိမိအား​ ဓား​ဖြင့်​ထိုး​ရန် ​စေခိုင်း​သည့်​ အမျိုး​သမီး​ ​ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိ

alt

အရက်မူး​​နေသူ တစ်ဦး​သည် သူမအား​ ဓား​ဖြင့်​ထိုး​ရန် သူငယ်ချင်း​များ​ကို ​စေခိုင်း​ခဲ့​သည့်​ ပြစ်မှုအတွက် ​ထောင်ဒဏ် ၅ နှစ်ထိ ချမှတ်ခံရမည့်​ အ​ခြေအ​နေနှင့်​ ကြံု​နေရသည်။

အ​မေရိကရှိ နီဘရာဆကာမှ အသက် ၂၁ နှစ်အရွယ် ဂျက်ဆီလင် စတာ​ဝေါ့​သည် အရက်မူး​မူး​နှင့်​ သူမ၏ ဝမ်း​ဗိုက်ကို ဓား​ဖြင့်​ထိုး​ရန် သူငယ်ချင်း​များ​အား​ ​တောင်း​ဆိုခဲ့​ခြင်း​ဖြစ်သည်။ အစည်း​အ​ဝေး​ တစ်ခုကို မတက်လိုသည့်​အတွက် သူမအား​ ဒဏ်ရာရသွား​​အောင် ပြုလုပ်​ပေး​ရန် သူငယ်ချင်း​များ​အား​ ဂျက်ဆီလင်က တိုက်တွန်း​ခဲ့​ခြင်း​ဖြစ်သည်။

သူမ၏ သူငယ်ချင်း​နှစ်ဦး​ဖြစ်​သော စ​ကော့​​ရောဘတ်တို ထရူမန်နှင့်​ ဂျယ်ရီထရုတို့​ကလည်း​ ထိုစဥ်က မိမိတို့​သည် အရက်မူး​​နေပြီး​ အမှား​အမှန် မခွဲခြား​နိုင်​ကြောင်း​ ဝန်ခံခဲ့​သည်။

ယခုအခါ ဂျက်ဆီလင်သည် မိမိကိုယ်ကိုယ် ​သေ​ကြောင်း​ကြံရန် ကြိုး​ပမ်း​မှုဖြင့်​ တရား​စွဲခံထား​ရပြီး​ ပြစ်မှုထင်ရှား​ပါက ​ထောင်ဒဏ် ၅ နှစ်မျှထိ ချမှတ်ခြင်း​ ခံရဖွယ် ရှိ​နေသည်။ သူမ၏ သူငယ်ချင်း​ နှစ်ဦး​မှာလည်း​ ဒုတိယအဆင့်​ အကြမ်း​ဖက်မှုများ​ဖြင့်​ အသီး​သီး​ စွဲချက်တင်ခံခဲ့​ရသည်။

တရား​သူကြီး​က ဂျက်ဆီလင်အား​ မူး​ယစ်​ဆေး​ဝါး​နှင့်​ အရက်​သေစာများ​ လုံး​၀ မသုံး​စွဲရန် သတိ​ပေး​ထား​သလို ဓား​ကဲ့​သို့​ လက်နက်များ​ကို ထိ​တွေ့​ကိုင်တွယ်ခြင်း​ မပြုရန် ​ပြောကြား​ထား​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here