ဆံပင်ပုံစံအတွက် အပတ်စဥ် ​ဒေါ်လာ ၂၃၀၀၀ အကုန်အကျခံသည့်​ ရီဟာနာ

alt

နာမည်​ကျော် အဆို​တော်မ​လေး​ ရီဟာနာသည် သူမ၏ ဆံပင်ပုံစံအတွက် အပတ်စဥ် ​ဒေါ်လာ ၂၃၀၀၀ အကုန်အကျခံ​လေ့​ရှိ​ကြောင်း​ သိရှိရသည်။

သူမသည် သီတင်း​ပတ်တိုင်း​ ​ငွေကုန်​ကြေး​ကျခံကာ နာမည်​ကျော် ဆံပင်ပုံဆန်း​များ​အတွက် သွား​​ရောက်ပြင်ဆင်​လေ့​ ရှိသည်။ အသက် ၂၃ နှစ်ရှိ အဆို​တော်မ​လေး​သည် Celebrity ဆံပင်ဒီဇိုင်နာ အာဆူလာ စတီဖန်နှင့်​ ​တွေ့​ဆုံပြီး​ ထိုအတွက် တစ်​နေ့​လျင် ​ဒေါ်လာ ၃၀၀၀ ​ကျော်မျှ အကုန်အကျ ခံ​လေ့​ရှိသည်။ ရီဟာဆူလာ၏ ဆံပင်ညှပ်ဆိုင်သည် ​ဟောလီး​ဝုဒ်တွင် နာမည်အကြီး​ဆုံး​ဖြစ်သည်။

ဘာ​ဘေဒိုး​စ်ဖွား​ Umbrellaစတား​ အဆို​တော်မ​လေး​သည် လွန်ခဲ့​​သောနှစ်၊ နိုဝင်ဘာလက ဆံပင်ကို အနီ​ရောင် ဆိုး​ခဲ့​ပြီး​​နောက် ဆံပင်ဒီဇိုင်း​ ၁၃ ကြိမ်ထိ ​ပြောင်း​လဲပြီး​ဖြစ်သည်။

သူမ၏ ​နောက်ဆုံး​ဆံပင်ပုံကို Vita Coco Coconut Water with Tropical Fruit ​ကြော်ငြာတွင် ​တွေ့​မြင်ခဲ့​ရသည်။ သူမသည် အဆိုပါ ​ကြော်ငြာ အမှတ်တံဆိပ်အတွက် ​ကြော်ငြာစီး​ရီး​ တစ်ခုကို လက်ခံ ရိုက်ကူး​​ပေး​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here