ကျွန်တစ်ဦး​သဖွယ်ခိုင်း​​စေခဲ့​​ကြောင်း​ ကိုရီး​ယား​ဘုန်း​ကြီး​အား​ အိမ်အကူအမျိုး​သမီး​က စွပ်စွဲ

alt

ကိုရီး​ယား​ ဗုဒ္ဓဘာသာ ဘုန်း​​တော်ကြီး​ တစ်ပါး​က သူမအား​ ကျွန်ဇာတ်သွင်း​ခဲ့​​ကြောင်း​ အိမ်အကူ အမျိုး​သမီး​ တစ်ဦး​က စွပ်စွဲခဲ့​သည်။

အ​မေရိကန်နိုင်ငံ၊ နယူး​​ယော့​ခ်မြို့​မှ အဆိုပါ ဘုန်း​​တော်ကြီး​နှင့်​ ၎င်း​၏ မိသား​စုသည် သူမအ​ပေါ် ကျွန်တစ်ဦး​နှယ် ခိုင်း​​စေခဲ့​​ကြောင်း​ အမျိုး​သမီး​ကဆိုသည်။ New York Times သတင်း​စာက အမျိုး​သမီး​က ဘုန်း​​တော်ကြီး​နှင့်​ မိသား​စုသည် သူမအား​ အကျဥ်း​သား​ တစ်ဦး​နှယ် ပိတ်​လှောင်ကာ ၁၂ နှစ်လုံး​လုံး​ ခိုင်း​​စေခဲ့​သလို လက်မခံပါက သတ်ပစ်မည်ဟု ခြိမ်း​​ခြောက်ခဲ့​​ကြောင်း​ တရား​ရုံး​တွင် ဦး​တည် ​လျှောက်လှဲထား​သည်ဟု ​ဖော်ပြသွား​သည်။

အမျိုး​သမီး​သည် မက်ဟန်တန် တရား​ရုံး​တွင် ယခုကိစ္စကို တရား​စွဲခဲ့​ခြင်း​ဖြစ်သည်။ ဆူ​ဘော့​ချိုင် အမည်ရှိ ဘုန်း​​တော်ကြီး​၊ ၎င်း​၏ ညီအစ်ကို နှစ်ဦး​၊ သား​နှင့်​ သမီး​၊ တူမတစ်ဦး​နှင့်​ ကိုယ်စား​လှယ်တို့​ကို အမျိုး​သမီး​က တရား​စွဲဆိုခဲ့​သည်။

ဘုန်း​​တော်ကြီး​၏ မိခင်သည်လည်း​ ၂၀၀၉ ခုနှစ် မ​သေဆုံး​မီထိ သူမအား​ နှိပ်စက်ခဲ့​​သေး​​ကြောင်း​ အမျိုး​သမီး​က စွဲချက်အတွင်း​ ထည့်​သွင်း​ ​ဖော်ပြသွား​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here