​လေယဉ်​မောင်ခန်း​တွင် လိင်ကိစ္စ ​သောင်း​ကျန်း​​နေသည့်​စုံတွဲ

alt

​လေယာဥ်​မောင်း​ခန်း​အတွင်း​ အနီ​ရောင် ဝတ်စုံနှင့်​ အမျိုး​သမီး​က သူမ၏ အမျိုး​သား​ အ​ဖော်အား​ ပါး​စပ်ဖြင့်​ လိင်​ဖျော်​ဖြေ​နေ​သော ဓာတ်ပုံတစ်ပုံ​ကြောင့်​ ကသည်း​ ပစိဖိတ် ​လေ​ကြောင်း​လိုင်း​အတွက် ဂယက်ရိုက်ခတ်သွား​ခဲ့​သည်။

ထို့​အပြင် AFPသတင်း​ဌာနက အနီ​ရောင် ဝတ်စုံသည် ကသည်း​ပစိဖိတ် ​လေ​ ကြောင်း​လိုင်း​၏ ​လေယာဥ်မယ် ယူနီ​ဖောင်း​ဖြစ်ပြီး​ အမျိုး​သား​ကမူ ​လေယာဥ်ပိုင်း​​လော့​ ဖြစ်နိုင်​ကြောင်း​ ​ ဖော်ပြခဲ့​ရာ အ​ခြေအ​နေ ပိုဆိုး​သွား​ခဲ့​သည်။ ​

လေ​ကြောင်း​လိုင်း​မှ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​က ယခုကိစ္စနှင့်​ ပတ်သက်ပြီး​ မိမိတို့​ စုံစမ်း​မှုများ​ ပြုလုပ်​နေ​ကြောင်း​ ​ပြောဆိုခဲ့​သည်။ ထို့​အပြင် ဓာတ်ပုံထဲမှ အမျိုး​သမီး​သည် မိမိတို့​ ​လေ​ကြောင်း​လိုင်း​မှ ဖြစ်​ကောင်း​ဖြစ်နိုင်​ကြောင်း​လည်း​ အဆိုပါ ​ပြော​ရေး​ဆိုခွင့်​ရ အမျိုး​သမီး​က ဝန်ခံသွား​သည်။ ဓာတ်ပုံထဲမှ အမျိုး​သား​၏ အ​ခြေအ​နေကိုမူ သူမက မှတ်ချက်မ​ပေး​သွား​​ချေ။

အမျိုး​သား​၏ ယူနီ​ဖောင်း​မှာ ပိုင်း​​လော့​တစ်ဦး​ဟု ယူဆရဖွယ် ရှိ​နေ​ကြောင်း​လည်း​ သိရှိရသည်။ လက်ရှိတွင်မူ အဆိုပါ ကိစ္စသည် ​လေယာဥ်ပျံသန်း​​နေစဥ် ဖြစ်ခဲ့​သည်ဆို​သော မည်သည့်​ အ​ထောက်အထား​ကိုမျှ မရရှိ​ သေး​​ကြောင်း​၊ ထို့​​ကြောင့်​ လုံခြံု​ရေး​ စံနှုန်း​များ​ကို ချိုး​​ဖောက်ရာ​ရောက်သည်ဟု ယူဆ၍ မရနိုင်​ကြောင်း​ လည်း​ ယင်း​အမျိုး​သမီး​က ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here