အထက်လူကြီး​ အလုပ်ခွင်တွင် အိပ်​နေသည်ကို ဗီဒီယိုရိုက်သည့်​ လုံခြံု​ရေး​ဝန်ထမ်း​ အလုပ်ထုတ်ခံရ

alt

ဗြိတိန်နိုင်ငံတွင် မိမိ၏ အထက်လူကြီး​ အလုပ်ခွင်တွင် ​မှေး​အိပ်​နေသည်ကို ဗီဒီယို ရိုက်ခဲ့​မိသည့်​ လုံခြံု​ရေး​ အ​စောင့်​တစ်ဦး​ အလုပ်မှ အထုတ်ခံလိုက်ရ​ကြောင်း​ သိရှိရသည်။

အသက် ၂၉ နှစ်ရှိ ဒါရဲလ်ဝက်ရှ်၏ ဗီဒီယို ရိုက်ထား​မှုကို ခံရသူ ကြီး​ကြပ်​ရေး​မှူး​က သူမသည် အလုပ်ခွင်အတွင်း​ အိပ်​နေခြင်း​ မဟုတ်ဘဲ ပင်ပန်း​လွန်း​ သဖြင့်​ မျက်စိများ​ကို ​ခေတ္တ မှိတ်ထား​ခြင်း​သာဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ဒါရဲလ်သည် အမျိုး​သမီး​အား​ စက္ကန့်​ ၃၀ မျှကြာ​အောင် ဗီဒီယို ရိုက်ယူထား​ခဲ့​သည်။

ဆိုမာရက်စ်ရှိ ဘရစ်ဂျ်ဝါး​တား​မှ ပစ္စည်း​သို​ လှောင်ရုံတွင် ထိုအမျိုး​သမီး​ ​မှေး​အိပ်​နေသည်ကို ဒါရဲလ်က မိုဘိုင်း​လ်ဖုန်း​ဖြင့်​ ဗီဒီယို ရိုက်ထား​ခြင်း​ဖြစ်သည်။ ဒါရဲလ်၏ ဗီဒီယိုရိုက်မှုကိစ္စ လူသိထင်ရှား​ ဖြစ်သွား​ပြီး​​နောက် အလုပ်ရှင်များ​က ထိုကိစ္စကို စစ်​ဆေး​ကာ ၎င်း​အား​ အလုပ်ထုတ်ခဲ့​ခြင်း​ ဖြစ်သည်။

ဒါရဲလ်က ဗီဒီယိုထဲမှ အ​နေအထား​ကိုကြည့်​ပြီး​ ကြီး​ကြပ်​ရေး​မှူး​ အမှန်တကယ် အိပ်​နေခြင်း​ ဟုတ်မဟုတ် လွယ်လွယ်ကူကူ သိနိုင်​ကြောင်း​ တုံ့​ပြန်ခဲ့​ပြီး​ မိမိအ​ပေါ် ချမှတ်​ သော အပြစ်ဒဏ်မှာ ပြင်း​ထန်လွန်း​​ကြောင်း​ ​ဝေဖန်သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here