ဘီဘာ၏ သူငယ်ချင်း​အချို့​ကို သ​ဘောမကျတဲ့​ ဆယ်လီနာဂိုမက်ဇ်

alt

ဂျက်စတင်ဘီဘာ၏ သူငယ်ချင်း​ အချို့​ကို သ​ဘောမကျ​ကြောင်း​ ဆယ်လီနာဂိုမက်ဇ်က ပွင့်​ပွင့်​လင်း​လင်း​ ​ ပြောကြား​လိုက်သည်။

အသက် ၁၉ နှစ်အရွယ် အဆို​တော်မ​လေး​က သူမ၏ ချစ်သူ တွဲ​နေ​သော သူငယ်ချင်း​များ​အနက် အချို့​သည် ခပ်ဆိုး​ဆိုး​ ​ကောင်​လေး​များ​ဖြစ်​ကြောင်း​ ​ဝေဖန်ခဲ့​သည်။ အသက် ၁၇ နှစ်ရှိ ဂျက်စတင်သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ဆယ်လီနာ၏ ​ဖျော်​ဖြေပွဲကို အား​​ပေး​ရန် ဖ​လော်ရီဒါသို့​ လာ​ရောက်ခဲ့​သည်။

ဂျက်စတင်နှင့်​အတူ Rapအဆို​တော် ​ရှောင်ကင်စတန်လည်း​ လိုက်ပါလာရာ ယင်း​ကို ဆယ်လီနာကို မနှစ်မြို့​ဘဲ ဖြစ်​နေခြင်း​ဟု သိရသည်။ အသက် ၂၁ နှစ်ရှိ ကင်စတန်သည် ယခင်က ​ ဖောက်ထွင်း​မှုဖြင့်​ တရား​ရင်ဆိုင်ခဲ့​ရဖူး​သည်။

ဆယ်လီနာ၏ မိတ်​ဆွေများ​ကလည်း​ အဆို​တော်မ​လေး​သည် ဂျက်စတင်တစ်​ယောက် ခရစ်ဘ​ရောင်း​နှင့်​ တွဲ​နေသည်ကိုလည်း​ စိတ်မချနိုင် ဖြစ်​နေ​ကြောင်း​ ​ဖော်ထုတ် ​ ပြောကြား​ခဲ့​သည်။ ဘ​ရောင်း​သည် ချစ်သူ​ဟောင်း​ ရီဟန်နာ၏ မျက်နှာတွင် ဒဏ်ရာများ​ ရရှိ​အောင် ရိုက်နှက် တိုက်ခိုက်ခဲ့​မှု​ကြောင့်​ တရား​ရုံး​၏ လူမှု​ရေး​ လုပ်ငန်း​များ​ ​ဆောင်ရွက်ရန် ပြစ်ဒဏ် ချမှတ်ခြင်း​ ခံခဲ့​ရသည်။

ဆယ်လီနာ၏ သူငယ်ချင်း​များ​က ဆယ်လီနာသည် အသက်ငယ်ရွယ်​သေး​သည့်​ ဂျက်စတင်တစ်​ ယောက် အ​ပေါင်း​အသင်း​များ​ထံမှ အတုခိုး​မှား​မည့်​ အ​ရေး​ကို ​တွေး​​တောပူပင်​နေ​ကြောင်း​ ထုတ်​ဖော် ​ ပြောဆိုခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here