၂ နှစ်သား​က​လေး​ငယ်အား​ ကား​​မောင်း​ခွင့်​​ပေး​ခဲ့​သူကို ​ဟောင်​ကောင်ရဲများ​ လိုက်လံရှာ​ဖွေ​နေ

alt

​ဟောင်​ကောင်တွင် ၂ နှစ်အရွယ် သား​ငယ်အား​ ကား​​မောင်း​ခွင့်​ ​ပေး​ခဲ့​သူ တစ်ဦး​အား​ ရဲများ​က လိုက်လံရှာ​ဖွေ​နေ​ကြောင်း​ သိရသည်။

ရဲတပ်ဖွဲ့​အ​နေနှင့်​ ၎င်း​တို့​ရှာ​ဖွေ​နေသည့်​ ပစ်မှတ် အမျိုး​သား​၏ ကိုယ်​ရေး​ အချက်အလက်များ​ကိုလည်း​ သတင်း​ထုတ်ပြန်ရန် ​တောင်း​ဆိုခြင်း​ ခံ​နေရသည်။ YouTubeတွင် လွှင့်​တင်ထား​သည့်​ ဗီဒီယို တစ်ခုအတွင်း​ စတန့်​ထွင်​သော ဖခင်တစ်ဦး​သည် ၎င်း​၏ သား​ငယ်အား​ ကား​တစ်စင်း​ကို ​မောင်း​နှင်ခွင့်​ ​ပေး​​နေပုံကို ရိုက်ကူး​ပြထား​သည်။

၂ နှစ်သား​​လေး​သည် စတီယာရင်ကို ထိန်း​​ကျောင်း​​မောင်း​နှင်​နေစဥ် က​လေး​ငယ်၏ မိခင်က ထိုအတတ်ဆန်း​​သော လုပ်ရပ်ကို ​နောက်ခန်း​မှတဆင့်​ ဗီဒီယို ရိုက်ထား​ခြင်း​ဖြစ်သည်။ ထို့​အပြင် မိဘနှစ်ပါး​က မိမိတို့​၏ က​လေး​အတွက် ဂုဏ်ယူ​ကြောင်း​လည်း​ ဖွင့်​ဟထား​သည်။ ​

မော်​တော်ကား​​မောင်း​ အက်ရှင်ဇာတ်ကား​ တစ်ခုဖြစ်သည့်​ Initial Dမှ အမည်ကို အစွဲပြုပြီး​ ထိုဗီဒီယိုကို Initial Babyဟုပင် အမည်​ပေး​ထား​​ကြောင်း​ သိရှိရသည်။ ​ဟောင်​ကောင် ယာဥ်စည်း​ကမ်း​ ထိန်း​သိမ်း​​ရေး​ ဌာန၏ အဆိုအရ ထိုလုပ်ရပ်ကို ခွင့်​ပြု​သော ဖခင်သည် အန္တရာယ် ဖြစ်​စေ​လောက်သည့်​ ​မောင်း​နှင်မှုဖြင့်​ စွဲချက်တင်ခံရရန် လုံ​လောက်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here