ယွမ်​ငွေ ၆၀၀၀၀ တန်ဖိုး​ရှိ အ​ကြွေ​စေ့​များ​ဖြင့်​ ကား​ဝယ်သည့်​ တရုတ်အမျိုး​သား​

alt

တရုတ်နိုင်ငံမှ စီး​ပွား​​ရေး​သမား​ တစ်ဦး​သည် ထူး​ထူး​ခြား​ခြား​ အစီအစဥ်ဖြင့်​ ကား​ဝယ်ခဲ့​​ကြောင်း​ သိရှိရသည်။

ရှန်ဇီး​ရှိ ဇီယန်ယန်း​မှ ​မော်​တော်ကား​ အ​ရောင်း​ဆိုင် တစ်ခုတွင် ဩဂုတ် ၁ ရက်​နေ့​က ကား​လာဝယ်ယူသူ​ကြောင့်​ ဆိုင်ရှင်ခမျာ မျက်လုံး​ပြူး​သွား​သည်။ ဂျံု​ရောင်း​ဝယ်သူ တစ်ဦး​သည် အိတ်ကြီး​ ရ လုံး​ကိုဆွဲကာ ဆိုင်ထဲ​ရောက်လာပြီး​ ထိုအိတ်ထဲတွင် တန်ဖိုး​မတူညီသည့်​ ​ငွေအ​ကြွေ​စေ့​များ​စွာ ပါ၀င်သည်။ မိမိသည် ​ငွေအ​ကြွေ​စေ့​များ​ကို ကား​ဝယ်စီး​ရန် ​မျှော်လင့်​ချက်ဖြင့်​ စု​ဆောင်း​ခဲ့​​ကြောင်း​ ထိုသူက ​ပြောကြား​ခဲ့​သည်။

ယင်း​၏ ​ငွေအ​ကြွေ​စေ့​များ​ တန်ဖိုး​သည် ယွမ်​ငွေ ၆၀၀၀၀ ဖိုး​ ရှိ​နေ​ကြောင်း​လည်း​ ကား​ဝယ်လိုသူက အခိုင်အမာ ​ပြောကြား​ခဲ့​သည်။ ကား​​ရောင်း​မည့်​ ပုဂ္ဂိုလ်သည် ဘဏ်များ​ထံ လိုက်လံချိတ်ဆက်ကာ ထို​ငွေ​ကြေး​ကို ​ရေတွက်​ပေး​မည့်​သူကို ရှာ​ဖွေခဲ့​သည်။

ဘဏ်အ​တော်များ​များ​က ပုံမှန်မဟုတ်​သော ​ငွေ​ချေမှုအတွက် ကူညီရန် ငြင်း​ပယ်ခဲ့​ကြသည်။ ဘဏ်တစ်ခုကမူ ယွမ်​ငွေ ၁၅၀၀၀ ဖိုး​ကို တာဝန်ယူ တွက်ချက်​ပေး​မည်ဟု ကတိပြုထား​သည်။ ကား​ဝယ်သူ အ​နေနှင့်​ ၎င်း​၏ ​ပေး​​ချေ​ငွေအား​လုံး​ မ​ရေတွက်မပြီး​မချင်း​ ​မော်​တော်ကား​ကို ပိုင်ဆိုင်ခွင့်​ ရှိဦး​မည် မဟုတ်​ချေ။ အဆိုပါ ​ငွေအ​ကြွေများ​ အား​လုံး​၏ စုစု​ပေါင်း​ အ​လေး​ချိန်သည် ၃၀၀ ကီလိုဂရမ်ထိ ရှိ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here