အရပ်ထဲက ဗြုတ်စဗြဲ​တောင်း​ (၄)

သရုပ်​ဖေါ်ပုံ © ​ဇောင်း​

ကိုရင်လွန်း​မောင်လည်း​ အခုတ​လော ​မော​နေရပြန်ပါ​ကော…..စက္ခုပရိသတ်ကြီး​ကော ​မော​နေပြီလား​ဗျ…..။ ဂုဏ်ရှိန်မညှိုး​တဲ့​ တို့​မြန်မာသတင်း​တွေကလည်း​ သိရ၊​ ကြား​ရ၊​ ဖတ်ရသမျှ​တွေကလည်း​ ​မောစရာ​တွေချည်း​ပဲလား​ကွယ်ရို့​…..။ဒီ​တော့​ကာ စိတ်​မောလူ​မောနဲ့​မို့​ မြန်မာအ​ရေး​ ​ဘေး​ဖယ်​တွေး​လို့​ ဘာ​တွေများ​ ​ပြောကြည့်​၊​ ဆိုကြည့်​၊​ ​ရေး​ကြည့်​ရင်ဖြင့်​ ​ကောင်း​လေမလဲလို့​များ​ ​ဘေး​ဘီကို အသာငဲ့​ကြည့်​လိုက်ရင်ဖြင့်​…..။

 

“စပါး​ပင်​တွေ…..​လေယူရာတိမ်း​…..ယိမ်း​နွဲ့​နွဲ့​ဟန်ချီ…..ကိုယ်လာရာလမ်း​မှာလည်း​…..လည်း​…..လည်း​…..”

​အောင်မ​လေဗျာ…..စိတ်ညစ်လို့​ အပြင်ထွက် လယ်ဂဏန်း​ညှပ်ခံရပြန်ပါပြီဗျာ…..။

စပါး​ပင်​တွေ ​လေယူရာတိမ်း​မယ့်​အစား​ ​ရေငုပ်​နေလိုက်ပုံများ​ “​ရေလွှာ​ဖွေး​ဖွေး​…..အဲ…..​နောက်​တော့​” အဲ…..ထား​ချေဗျ…..ကိုရင်လွန်း​မောင်လည်း​ နိုင်ငံတကာလည်ရင်း​မို့​ တို့​ဗမာ​တွေရဲ့​ သီချင်း​တွေများ​ ​မေ့​ကုန်​တော့​ ပရိသတ်ကြီး​ရေ ….. လွန်တာရှိ ဝန္တာမိပါဗျ…..။

စပါး​ပင်​လေး​တွေများ​ အ​ညှောင့်​ကလွတ်လို့​ ထွက်မယ်ကြံကာရှိ​သေး​ ​ရေ​ဖွေး​ဖွေး​အောက် ​ခေါင်း​ငုံ့​ခံ ​နေရတာများ​ ပြည့်​နှက်ရယ်လို့​ပါလား​…..ဘယ်​နေရာကြည့်​ကြည့်​ ​ရေ​ဖွေး​နေ​တော့​ လယ်သမား​တွေအ​ရေး​က မ​တွေ့​ဝံ့​စရာကွယ်ရို့​…..။

ဒါတင်ပဲလား​ ​မောင်တို့​ရေ ဆို​တော့​ ဟုတ်​ချေပြန်​သေး​ဘူး​…..။

“မိုး​ရေ တက်​ရေ တ​ဖွေး​ဖွေး​ ကွင်း​ကျယ် အ​ဝေး​ဝေး​…..လယ်​စောင့်​တဲ​လေး​ ​ခြေတံရှည် မိုး​ကုတ် ​အောက်မှာ​နေ” လို့​ သံပြိုင်ဟစ်တတ်ကြတဲ့​ က​လေး​တွေရဲ့​ ​ကျောင်း​ကြီး​တွေကလည်း​ အသံ​တွေ တိတ်၊​ ​ရေ​အောက်မှာ ဝပ်ဆင်း​နေပုံများ​…..​ခြောက်တီး​ခြောက်ကပ်ရယ်…..။

မိုး​ရေ​ဖွေး​ဖွေး​ လယ်ကွင်း​တွေစီက စပါး​ပင်ငယ် ​ရေငုပ်တာက ရာသီဥတု​ကြောင့်​ရယ်လို့​ အပြစ်တင်​ကောင်း​ တင်ကြမယ် ထင်ပါ့​။ ဒါ​တွေက တပိုင်း​ဆို​ပေသိ အဝင်အထွက်​ကောင်း​မွန်လှ​လေတဲ့​ တာတမံ​တွေ​ကြောင့်​ဆိုတာ သိရရင်ဖြင့်​ ပရိသတ်ချည်း​ ဘယ်သူ့​အပြစ်တင်မတုန်း​ငဲ့​…..။

ကိုရင်လွန်း​မောင်ကို​တော့​ အပြစ်မတင်နဲ့​နော်။ ဘာလို့​ဆို​တော့​ ကျုပ်က ​ပြောပြတာကိုဗျ…..။

​မွေး​အသိ​လေး​ လက်​တောက်​လောက်နဲ့​ မ​နေနိုင် မထိုင်နိုင် မြင်မြင်သမျှ ​ဖောက်သည်ချတတ်​တော့​ ပရိသတ်ကို စိတ်ညစ်စရာ​တွေ ​ပေး​၊​ မသိတာ​တွေ သိ​အောင်​ပြော​လေပြန်​တော့​ တခါတ​လေများ​ ဘု​တောပြီး​ ဒင်း​အပြစ်…..ဒင်း​အပြစ်လို့​ အပြစ်တင်မှာကိုလည်း​ စိုး​သကွဲ့​။

မ​ပြောရင် မပြီး​၊​ မတီး​ရင် မမြည်ဆိုတဲ့​ ဆိုစကား​က ရှိပြန်​တော့​ ​ပြောရဦး​မယ်ဗျို့​…..။

ဒါ​တွေဖြစ်လို့​ အုပ်ချုပ်​လေသူ အစိုး​ရမင်း​များ​ကို ပြည့်​အ​ရေး​ ငဲ့​ကွက်​လေဟဲ့​ဆိုပြီး​ အကူအညီ​လေး​ ရလိုရငြား​ ​တောင်း​ပြန်​ချေ​တော့​လည်း​ လူသာ လာကြည့်​ပြီး​ ဒုံရင်း​အတိုင်း​ပဲ ထား​လေ​တော့​ ​ကောင်း​ကြ​သေး​ရဲ့​လား​ဗျာ…..။

ရင်ဘတ်ကို စုံထု…..ဘကြီး​ပုလို ကြံုး​အော်ရရင်ဖြင့်​…..​ကောင်း​ချေဦး​ကွဲ့​။

သမ္မတဆိုသူကြီး​ကလည်း​ လယ်ယာစိုက်ပျိုး​ရေး​တွေ ဘာ​တွေ စိတ်ဝင်စား​တယ်လို့​ ပြည်တွင်း​ ပြည်ပက ​အော်ကုန်​ပေမယ့်​လည်း​ တကယ်တမ်း​ ဘာ​တွေကို လုပ်ရမယ်ဆိုတာဖြင့်​ ဒင်း​ မသိ​လေ​ရော့​ သလား​ဆိုပြီး​ ဖ​နောင့်​နဲ့​သာ ​ပေါက်လိုက်ရင်ဖြင့်​ ဒင်း​နဖူး​ မြို့​သစ်လမ်း​တွေလို ချိုင့်​ကုန်မငဲ့​…..။

အင်း​…..ဘာဘဲ ​ပြော​ပြော အဆိုး​ချည်း​ ​ပြော​နေရင်ဖြင့်​ ကိုရင်လွန်း​မောင်တို့​ ကြမ်း​တမ်း​လှ​ချေရဲ့​ ဆိုပြီး​ အပြစ်တင်ကုန်ဦး​မယ်…..။ လုပ်တာလည်း​ လုပ်​ပေါ့​ သမ္မတရာ…..။ တခြား​ဟာ​တွေလည်း​ ပြည့်​စုံ​လေမှ စပါး​ထွက်တယ်ဆိုတာ​လေး​တော့​ ​ပြောချင်ပါရဲ့​။

ဒူး​နေရာ ဒူး​…..​တော်​နေရာ ​တော်ဆိုတာ ကြား​ဖူး​စေချင်ရဲ့​ဗျာ…..။ သ​ဘော်​တော်​လေး​ ​ပျော့​ပြောင်း​လို့​ တိုင်း​ပြည် အုပ်ချုပ် စီမံပါဆိုမှ လယ်ကွင်း​ချည်း​ ဆင်း​ချင်​နေရင်ဖြင့်​ မ​တော်ဘူး​ရယ်…..။

လယ်ကွင်း​ကို ​ရေဝင်စ ​မျောပါလာတတ်တဲ့​ လယ်ငါး​ခူ ဖြူဖြူ​ဖွေး​ဖွေး​ကိုလည်း​ မက်မ​နေနဲ့​….. လယ်ကန်သင်း​တ​လျှောက် လက်မ​ထောင်​ထောင်နဲ့​ အဆီပြည့်​နေတဲ့​ ဂဏန်း​လုံး​ကိုလည်း​ တမ​နေနဲ့​….. လယ်ကွင်း​တ​လျှောက် ​ပေါပါ​ပေ့​ဆိုတဲ့​ ကန်စွန်း​ရိုး​နီကိုလည်း​ ​ငေး​မောမ​နေနဲ့​…..။

ဒီလယ်မှာ ​မွေး​၊​ ဒီလယ်မှာ ကြီး​၊​ ဒီလယ်​ရေ ​သောက်၊​ ဒီလယ်နဲ့​ အသက်ရှင်ရတဲ့​ ​တောသူ ​တောင်သား​အ​ရေး​လေး​ ငဲ့​ဦး​မယ်ဖြင့်​ အများ​က ချီး​ကျူး​ ဂုဏ်ထူး​ဆောင်ဘွဲ့​လေး​များ​ဖြင့်​ ရ​လေမကွဲ့​လို့​ အကြံ​တော်​ပေး​ ​လေ​ပြေ​လေး​နဲ့​ ​ပြောလိုက်ပါရဲ့​…..။

ကိုရင်လွန်း​မောင်

LEAVE A REPLY

Please enter your comment!
Please enter your name here