တူအသုံး​ပြု ခါး​ပိုက်နှိုက်များ​​ကြောင့်​ တရုတ်နိုင်ငံတွင် အခက်​တွေ့​​နေ

alt

တရုတ်နိုင်ငံတွင် လက်ရဲဇက်ရဲနိုင်သည့်​ တူအသုံး​ပြု ခါး​ပိုက်နှိုက်များ​​ကြောင့်​ အခက်ကြံု​နေ​ကြောင်း​ သိရသည်။

တရုတ်ရှိ ခါး​ပိုက်နှိုက်များ​သည် တစ်စထက်တစ်စ အတင့်​ရဲလာပြီး​ အစာစား​သည့်​အခါ အသုံး​ပြုသည့်​ တူများ​ကို ခါး​ပိုက်နှိုက်ရန် သုံး​စွဲလာ​ကြောင်း​ သတင်း​များ​ကဆိုသည်။ ရှည်လျား​​သေး​သွယ်​သော တူ​ချောင်း​များ​သည် အရာဝတ္ထုများ​ကို ဆွဲယူရာတွင် ပိုမိုထိ​ရောက် လွယ်ကူ​လေ့​ရှိ​ကြောင်း​ သိရသည်။

MSNCက လက်သွက်​သော သူခိုး​များ​သည် ပိုက်ဆံအိတ်၊ ဆဲလ်ဖုန်း​ကဲ့​သို့​ အရာများ​ကို သတိမမူမိသည့်​ သား​​ကောင်များ​ထံမှ တူဖြင့်​ရ​အောင် ယူသွား​သည့်​ ဗီဒီယိုဖိုင် တစ်ခုကို တင်ပြခဲ့​သည်။ ခါး​ပိုက်နှိုက်သည် အနီး​သို့​ ကပ်သွား​ပြီး​​နောက် ရှည်လျား​​သော တူများ​ဖြင့်​ အဖိုး​တန် ပစ္စည်း​များ​ကို အသာအယာ ဆွဲယူလိုက်ခြင်း​ ဖြစ်သည်။

ထိုကဲ့​သို့​​သော ဒုစရိုက်မှုများ​ မကြာခဏ ဖြစ်ပွား​​နေသဖြင့်​ တရုတ်ရဲတပ်ဖွဲ့​အတွက်လည်း​ စိတ်ရှုပ်စရာ ဖြစ်​နေသည်။ ထို့​အပြင် တူကို အသုံး​ပြုကာ ကျူး​လွန်သည့်​ ခါး​ပိုက်နှိုက်မှု ဗီဒီယိုသည် YouTubeကဲ့​သို့​ ဝက်ဘ်ဆိုက်များ​တွင်လည်း​ ​ရေပန်း​စား​​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here