အီဂျစ်သမ္မတ​ဟောင်း​ ဟိုစနီမူဘာရက်က စွဲချက်များ​ကို ငြင်း​ဆိုသွား​

alt

အီဂျစ်နိုင်ငံ၏ သမ္မတ​ဟောင်း​ ဟိုစနီ မူဘာရက်က ၎င်း​၏ အာဏာသက်တမ်း​အတွင်း​ အကျင့်​ပျက် ခြစား​မှုများ​ ရှိခဲ့​ခြင်း​နှင့်​ ဆန္ဒပြသူများ​အား​ သတ်ဖြတ်ရန် အမိန့်​ထုတ်ခဲ့​ခြင်း​တို့​အတွက် စွဲချက်များ​ကို ငြင်း​ဆိုသွား​သည်။

ဩဂုတ်လ ၃ ရက်​နေ့​က ကိုင်ရိုတွင် တရား​ရုံး​ အဖွင့်​​နေ့​ ကြား​နာခဲ့​ရာ စွဲချက်များ​အတွက် မိမိတွင် အပြစ်မရှိ​ကြောင်း​ အသက် ၈၃ နှစ်ရှိ မူဘာရက်က ​ပြောကြား​သွား​သည်။ မူဘာရက်နှင့်​အတူ နိုင်ငံခြား​​ရေး​ ဝန်ကြီး​​ဟောင်း​ ဟာဘစ် အယ်အက်ဒလီနှင့်​ အခြား​​သော အစိုး​ရ ထိပ်တန်း​အရာရှိ အချို့​လည်း​ စွဲချက်များ​ အတင်ခံခဲ့​ရသည်။

မူဘာရက်သည် ​ဖေ​ဖော်ဝါရီလက ဖြစ်ပွား​ခဲ့​သည့်​ ဆန္ဒပြမှုများ​​ကြောင့်​ ၎င်း​၏ သမ္မတ ရာထူး​ကို စွန့်​လွှတ်ခဲ့​ရသည်။ အဆိုပါ ဆန္ဒပြမှုများ​အတွင်း​ မူဘာရက်သည် အရပ်သား​များ​အား​ သတ်ဖြတ်ရန် စစ်တပ်ကို အမိန့်​​ပေး​ခဲ့​​ကြောင်း​ စွပ်စွဲ ခံထား​ရသည်။ အကယ်၍ ယင်း​ကိစ္စ ပြစ်မှုထင်ရှား​ပါက ​သေဒဏ်ထိ စီရင်ချက် ချမှတ်နိုင်မည်ဖြစ်သည်။

မူဘာရက်သည် ယခုအခါ အပြင်း​အထန် နာမကျန်း​ ဖြစ်​နေ​ကြောင်း​လည်း​ ၎င်း​၏ အကျိုး​​ဆောင် အဖွဲ့​၏ အဆိုအရ သိရှိရသည်။ ၎င်း​နှင့်​အတူ သား​နှစ်ဦး​ဖြစ်​သော အာလား​နှင့်​ ဂါမဲလ်တို့​သည်လည်း​ စွဲချက်တင်ခံရသည့်​ စာရင်း​တွင် ပါ၀င်​နေကြသည်။ သတင်း​များ​က အဖွင့်​​နေ့​ တရား​စီရင် ကြား​နာမှုသို့​ လူ​ပေါင်း​ ၆၀၀ ​ကျော် တက်​ရောက်ခဲ့​​ကြောင်း​လည်း​ ​ဖော်ပြခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here