Google+ သုံး​စွဲသူ ၂၅ သန်း​ခန့်​ ရှိလာပြီဖြစ်

alt

Google၏ Social Networking ဝန်​ဆောင်မှုသစ်ဖြစ်​သော Google+သည် စတင်လည်ပတ်ပြီး​ တစ်လ​ကျော်ကြာသည့်​အချိန်တွင် သုံး​စွဲသူ ၂၅ သန်း​မျှ ရှိလာပြီဟု သိရှိရသည်။

Google+၏ သုံး​စွဲသူဦး​​ရေ တိုး​ပွား​မှုသည် တစ်​နေ့​လျင် တစ်သန်း​မျှထိ ရှိ​နေသည့်​ သ​ဘောဖြစ်သည်။ ဇွန်လကုန်ပိုင်း​မှ စတင်လွှင့်​တင်ခဲ့​​သော Google+ တစ်လ​ကျော်အတွင်း​ ရရှိလာ​သော သုံး​စွဲသူ အ​ရေအတွက်ကို ရရှိရန် Twitterက လ​ပေါင်း​ ၃၀ ​စောင့်​ဆိုင်း​ခဲ့​ရသည်။

Google+ကို စတင်လက်ခံ သုံး​စွဲ​နေသူများ​အနက် အ​မေရိကန်မှချည်း​ လူ ၆ သန်း​ထိ ရှိ​နေသည်။ အိန္ဒိယတွင် လူ ၃.၆ သန်း​​ကျော်တို့​သည် အဆိုပါ ဝန်​ဆောင်မှုကို စတင်သုံး​စွဲ​နေပြီဖြစ်သည်။ ဗြိတိန်နှင့်​ က​နေဒါတို့​တွင် Google+ သုံး​စွဲသူဦး​​ရေ ၁ သန်း​​ကျော်စီ ရှိ​နေ​ကြောင်း​လည်း​ သိရသည်။ My Spaceသည် သုံး​စွဲသူ ၂၅ သန်း​ ပြည့်​ရန် ၂ နှစ် အချိန်ယူခဲ့​ရဖူး​ရာ Google+သည် ကမ္ဘာ​ပေါ်တွင် သုံး​စွဲသူ တိုး​ပွား​နှုန်း​ အမြန်ဆန်ဆုံး​ Socail Networking ဝက်ဆိုက်အသွင် ​ဆောင်လာခဲ့​သည်။

Googleသည် ကမ္ဘာ​ပေါ်တွင် လူသုံး​အများ​ဆုံး​ Social Networking ဝက်ဆိုက်အဖြစ် ရပ်တည်​နေပြီး​ ပုံမှန် သုံး​စွဲသူ သန်း​ ၇၅၀ ​ကျော် ရှိ​နေသည့်​ Facebookအား​ ယှဥ်ပြိုင်ရန် ရည်ရွယ်ပြီး​ Google+ကို တည်​ထောင်ခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here